Chapter 47.2

28.9K 3.9K 323
                                    

Unicode

မိသားစုသုံးယောက် ရုပ်ရှင်သွားကြည့်ရအောင်
__________________________________

ကျန်းမော့ချန် တံခါးခေါက်လိုက်တဲ့အချိန် ယန်းချင်းချီနှင့်ချီချီမှာ မုန့်စားနေဆဲဖြစ်သည်။ သူ တံခါးဖွင့်ဝင်လာတဲ့အခါ ချီချီက သူ့ကိုတွေ့တော့ အရမ်းပျော်သွားတာကြောင့် အသံချိုလေးဖြင့် ''ဒယ်ဒီ ''ဟုအော်ခေါ်လာသည်။

ကျန်းမော့ချန် သူတို့နားလျှောက်သွားလိုက်ကာ

''ချီချီ ဒယ်ဒီ့ကို လွမ်းနေလား ''

''လွမ်းတယ် '' ချီချီက အသံလွင်လွင်လေးဖြင့် ပြန်ဖြေလာသည်။

''ဒယ်ဒီလည်း ချီချီ့ကို လွမ်းနေတာ '' သူ ချီချီ့ပါးနှစ်ဖက်ကို ဆွဲဖျစ်လိုက်ကာ '' ​ဒယ်ဒီတို့ အပြင်ထွက်ဆော့ရအောင် ''

ချီချီ့မျက်လုံးလေးများမှာ အရောင်တောက်သွားသည်။

''တကယ်!? ''

''တကယ် ''

''ခင်ဗျား ဒီနေ့ နေ့လည်ပိုင်း ရိုက်စရာအခန်းတွေ ရှိသေးတယ် မဟုတ်ဘူးလား '' ယန်းချင်းချီ မေးလာသည်။

''ပရိုဂျူဆာကျန်းက ကိုယ့်ကျဲကိုသိတယ် သူ(မ)ရောက်နေတာမြင်တော့ ကိုယ့်ကို နေ့တစ်ဝက်အနားပေး၊ပေးဖို့ ဒါရိုက်တာဝမ်ကို သွားပြောတယ် ကိုယ်ကရပါတယ်လို့ပြောတာတောင် သူတို့ကလက်မခံကြဘူး နောက်ဆုံးတော့ ကိုယ်ပဲလက်ခံလိုက်ရတယ် '' ကျန်းမော့ချန် အကူအညီမဲ့စွာ ပြောလာသည်။

ယန်းချင်းချီ ခေါင်းငြိမ့်လာကာ

''ဒါပေမဲ့ ကျွန်တော်တွေ့သလောက်တော့ တခြားလူတွေက ကျဲ​ကျဲကို မသိကြသလိုပဲနော် ''

''အင်း '' ကျန်းမော့ချန် ပြန်ဖြေလာသည်။ '' ကျန်းကော်ပိုရေးရှင်းကို ကျဲက နှစ်တွေအများကြီးစီမံလာတာတောင် သူ(မ)က သိုသိုသိပ်သိပ်နေရတာကိုကြိုက်တယ် အဲ့တော့ သူ(မ)နာမည်ကို လူသိရှင်ကြားတစ်ခါမှမကြေငြာရသေးဘူး ဒါကြောင့် ကျန်းရှင်းချန်ဆို ဘယ်သူမှမကြားဖူးကြတာ ကုမ္ပဏီအာဏာက ကိုယ့်အဖေလက်ထဲမှာလို့ပဲ လူတိုင်းက ထင်နေကြတာ ''

''လတ်စသတ်တော့ အဲ့လိုကို ဒါကြောင့် ခင်ဗျားတို့နှစ်ယောက် ဒီလောက် နာမည်ဆင်နေတာတောင် ဘယ်သူမှသတိမထားမိကြတာ ကျွန်တော်ထင်လိုက်တာက စီးပွားရေးမဂ္ဂဇင်းမျက်နှာဖုံးတွေမှာ ကျဲကျဲပုံတွေချည်းပဲလို့ပေါ့ ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now