Unicode
လျောင်စစ်ပေါ် အဆူခံရပြီ၊ ကြာပန်းဖြူလေးကိုလည်း သွားမကြိုဘူးတဲ့
__________________________________ထိုသို့အမေးခံလိုက်ရတာကြောင့် လျောင်စစ်ပေါ်မှာ ခဏလောက်ဆွံ့အသွားသည်။ သို့သော် ဘာမဟုတ်တာလေးနဲ့ အများရှေ့မှာ မငြင်းခုံချင်တာကြောင့်
''တစ်နေရာရာမှာ စကားသွားပြောရအောင် ''
တဖက်လူ၏ တည်တင်းနေသည့် မျက်နှာထားကိုမြင်တော့ ကျန်းမော့ချန်ဘက်ကလည်း လျောင်စစ်ပေါ်ကို ထိုနေ့ကစပြီး အချိန်အကြာကြီး မခေါ်ပဲပစ်ထားမိကြောင်း သတိရသွားတော့သည်။ လျောင်စစ်ပေါ်ကို ပြောစရာရှိတာတွေ ပြောပြီး ကိစ္စတွေအားလုံးကို ရှင်းရှင်းလင်းလင်းလုပ်ဖို့ အချိန်ကျပြီမှန်း သူနားလည်လိုက်သည်။ သူထလိုက်ကာ လျောင်စစ်ပေါ်အား သူတို့နေရာနှင့်သိပ်မဝေးသည့် ကားပါကင်ကို ခေါ်သွားခဲ့သည်။
ကျန်းမော့ချန် နာနီကား၏ ကားတံခါးကိုဖွင့်လိုက်ပြီး အထဲဝင်ထိုင်လိုက်ကာ
''ပြော ဒီကိုဘာလာလုပ်တာလဲ ''
လျောင်စစ်ပေါ် ဝင်ထိုင်ရင်း တံခါးကိုပိတ်ပြီး
''ကျန်းမော့ချန် မင်းတကယ်ကြီး ငါနဲ့အဆက်အသွယ်ဖြတ်ဖို့လုပ်နေတာလား ဒီအတောအတွင်း ငါ့ဖုန်းကိုလည်းမကိုင်ဘူး Wechatက messageတွေလည်း စာမပြန်ဘူး ယောကျ်ားတစ်ယောက်အတွက်နဲ့ ငါတို့ငယ်သူငယ်ချင်းသံယောဇဥ်ကို တကယ်ကြီးပစ်ပယ်တော့မယ်ပေါ့? ''
ကျန်းမော့ချန်က နှာခေါင်းရှုံ့လိုက်ကာ
''သြော ငါတို့တွေက အတူတူကြီးပြင်းလာတယ်ဆိုတာကိုတော့ မင်းမှတ်မိသေးသားပဲ မသိပါဘူး မင်းနဲ့ယွမ်မင်ရွှိကမှ ငယ်သူငယ်ချင်းအစစ်တွေလို့ ငါကထင်နေတာ ''
''မင်းဘာပြောချင်တာလဲ ''
လျောင်စစ်ပေါ်မှာ မလုံမလဲဖြစ်သွားသည်။
''ငါ ဘာပြောချင်တာလဲ ဟုတ်လား '' ကျန်းမော့ချန်က ပြန်မေးလာသည်။
''မင်းတို့ကို ယန်းချင်းချီနဲ့ ပေးမတွေ့ခင်က ငါ Wechatမှာ 'ဒါ ငါရဲ့အိမ်ထောင်ဖက် မင်းတို့သူ့ကိုတွေ့ရင် မျက်နှာသာပေးပြီး ယဥ်ကျေးရမယ်'လို့ ငါ ပြောခဲ့လား မပြောခဲ့ဘူးလား၊ ပြီးတော့ မင်းဘာလုပ်ခဲ့လဲ၊ မင်း သူ့ကိုခက်ခဲအောင်မလုပ်ခဲ့ဘူးလား၊ လျောင်စစ်ပေါ် မင်းဒီနှစ်နဲ့ဆို ၂၈နှစ်ပြည့်ပြီ၊ ၈နှစ်သားလေးမဟုတ်တော့ဘူး၊ မင်းပြောလိုက်တဲ့စကားက တဖက်သားအပေါ် ဘယ်လိုသက်ရောက်မှုရှိသွားမလဲလို့ မင်းတွေးဖူးလား၊ တော်သေးတာပေါ့ သူ့စိတ်ကမာလို့ စိတ်ပျော့တဲ့လူသာဆို မင်းစကားတွေကြားတာနဲ့ ငိုပြီးထွက်သွားလောက်ပြီ၊ အဲ့မှာထပ်ထိုင်ရဲမှာမဟုတ်တော့ဘူး ''

YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||
General Fictionဖန် ထွမ်စလေးရှင်း Main story