Chapter 115

25.2K 3.8K 229
                                    

Unicode

ဖုမင်ကျီးနဲ့ ပေါဖုန်းတို့ရန်ဖြစ်ကြပြီ
_________________________________

ပေါဖုန်းဝင်လာတာကိုမြင်တော့ ဖုမင်ကျီး မျက်ခုံးကြုံ့သွားကာ ပေါဖုန်းကလည်း ဖုမင်ကျီးကိုမြင်တာနဲ့ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

''မင်းက ဒီမှာဘာလာလုပ်တာလဲ ''

''ယန်ယန့်ကိုလာခေါ်တာ ''

''မင်းလာခေါ်စရာမလိုဘူး ငါ့ဘာသာငါကလေးကိုကြိုပြီး အိမ်ပြန်လို့ရတယ် ''

''ရှင်က? '' ဖုမင်ကျီး သရော်လိုက်သည်။ '' ကလေးကိုအိတ်တစ်လုံးနဲ့ အိမ်ကထွက်ပြေးအောင်လုပ်ထားပြီးတော့များ အိမ်ပြန်ခေါ်သွားမယ်ဆိုတဲ့စကား ပြောရဲသေးတယ် ''

''ဒါက ငါနဲ့ ယန်ယန့်ကိစ္စပါ မင်းအပူပါလို့လား ''

''ယန်ယန်က ကျွန်မသား ရှင်ဂရုမစိုက်ပေမဲ့ ကျွန်မဂရုစိုက်တယ် ''

ပေါဖုန်း အေးစက်စက်ရယ်လိုက်သည်။

''မင်းကသူ့ကိုဂရုစိုက်တယ်? ဟာ့! ဟာသပဲ သူ့ကိုမွေးပြီးပြီးချင်း ဘယ်နှစ်ရက်များစောင့်ရှောက်ခဲ့ဖူးလဲ မွေးကင်းစကလေးကိုပစ်ထားပြီး မင်းအလုပ်အကိုင်နဲ့မင်းအောင်မြင်မှုနောက်ကိုပဲ လိုက်ခဲ့တာမဟုတ်ဘူးလား အခုမှသူ့ကိုဂရုစိုက်တယ်လာပြောနေ အရင်ကဘာလုပ်နေခဲ့လဲ ''

ထိုအချိန်မှာ ပေါယန်က ချီချီနဲ့အတူတူ လှေကားဆီလျှောက်လာကာ တစ်ယောက်က ကားLuggageလေးကိုင်ထားပြီး တစ်ယောက်ကလိပ်ကန်လေးပိုက်ရင်း အောက်ထပ်ကိုအတူတူဆင်းဖို့ပြင်လိုက်သည်။ နှစ်ယောက်သား အောက်ကဆူညံနေသည့် ရန်ပွဲကိုကြားလိုက်ရသည့်အခါ အောက်ဆင်းမည့်ခြေလှမ်းတွေရပ်တန့်သွားလေသည်။ ပေါယန်တစ်ယောက် ထိုစကားသံတွေ​နားထောင်လေ Luggageကိုင်ထားသည့်လက်က ပိုတင်းကျပ်လာလေဖြစ်သည်။ ပေါယန်ရပ်သွားတာကိုမြင်တော့ ချီချီကလည်း မျက်ခုံးကြုံ့နေသည့် ပေါယန်ကို အမှုမဲ့အမှတ်မဲ့လှည့်ကြည့်လိုက်သည်။ ပေါယန်တစ်ယောက် နားရေဝနေသည့်စကားတွေကို စိတ်ပျက်စွာနားထောင်လိုက်ရင်း လှေကားထိပ်ကနေလှည့်ကာ ချီချီ့အခန်းထဲပြန်ဝင်သွားလေသည်။ 

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now