Chapter 155

20.5K 3K 152
                                    

Unicode

ငါးဖမ်းရင်း ရေပက်တမ်းကစားကြမဲ့ ဘော့စ်ကျန်းနဲ့ချင်းချီတို့ရဲ့ ချိုမြိန်တဲ့ အခိုက်အတန့်လေးတွေ၊ ဘော့စ်ကျန်းကြီးရဲ့ နူးညံ့ညင်သာမှုတွေ
_________________________________

ခွင့်ပြုပေးထားသည့် ဟိုဟိုဒီဒီလျှောက်ကြည့်ချိန် ပြည့်သွားတာကြောင့် ကျန်းမော့ချန်နဲ့ ယန်းချင်းချီ မူလလမ်းကြောင်းအတိုင်းပြန်လျှောက်လာကြသည်။ ယန်းချင်းချီကတော့ ဒီလိုမျိုး ထွက်မကစားရတာကြာပြီဖြစ်တဲ့အတွက် စိတ်အခြေအနေကောင်းနေကာ ကျောင်းသားဘဝကိုပြန်ရောက်သွားသလိုမျိုး အပျော်ကြီးပျော်နေရှာသည်။

ကောင်လေးရဲ့ အသံတိုးတိုးလေးဖြင့် သီချင်းညီးသံကြားတော့ ကျန်းမော့ချန်ပြန်မေးလာသည်။

''အဲ့လောက်တောင်ပျော်တာလား ''

''ဟုတ်တယ် အမှန်တော့ ကျွန်တော် ဒီလိုမျိုးခရီးတွေထွက်ပြီး လျှောက်သွားရတာကိုကြိုက်တယ် အချိန်မရှိလို့သာ ''

''နောက်ပိုင်း ကိုယ်တို့ မကြာခဏခရီးထွက်ကြမယ်လေ ''

''ထားလိုက်ပါတော့ ကျွန်တော်တို့နှစ်ယောက်လောက်အလုပ်များတာ ကျွန်တော်တို့နှစ်ယောက်ပဲရှိတယ် ဘယ်နေရာက ခရီးထွက်ချိန်ရမှာလဲ ''

''အချိန်က ရေမြှပ်ထဲက ရေလိုပဲ ညှစ်လိုက်တိုင်း တစ်နည်းမဟုတ်တစ်နည်းနဲ့တော့ ထွက်လာမှာပဲ '' ကျန်းမော့ချန် ယန်းချင်းချီကိုလှမ်းဆွဲလိုက်ကာ '' ကုမ္ပဏီက ကိုယ်တို့နှစ်ယောက်ကုမ္ပဏီ အဲ့အပြင်ကို ကိုယ်ကသူဌေး မင်းကသူဌေးကတော် ဝူယွမ်နဲ့ကွမ်မေကို ကိုယ်တို့အချိန်တွေ ညှိခိုင်းထားလိုက်မယ် အဲ့ကျ အပြင်ထွက်ဆော့ဖို့ အနည်းနဲ့အများအချိန်တွေရလာမှာပဲ ''

''တကယ်ပြောတာလား ''

''အင်း '' ကျန်းမော့ချန် ခေါင်းငြိမ့်ပြရင်း ကတိပေးလိုက်သည်။

ယန်းချင်းချီ ပြုံးသွားကာ '' ဒါဆို အဲ့လိုလုပ်ကြမယ်လေ နောက်နှစ်ကနေစရအောင် ခင်ဗျားမှတ်မိနေရမယ်နော် ''

''အမိန့်အတိုင်းပါဗျာ '' ကျန်းမော့ချန် ပြန်ဖြေလာသည်။

ယန်းချင်းချီ ကျန်းမော့ချန်ကိုမော့ကြည့်လိုက်ကာ ပြုံးပဲပြုံးနေပြီး ဘာမှဆက်မပြောလာခဲ့။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now