Chapter 170

19.3K 2.6K 123
                                    

Unicode

အိမ်ပြန်မယ်၊ ချီချီနဲ့ယန့်ယန့်ကို မတွေ့ရတာကြာပြီ
__________________________________

ယန်းချင်းချီနဲ့ ကျန်းမော့ချန် ပထမနေရာသေချာဖို့အတွက် ပီဇာဆိုင်ကို Taxiစီးလာလိုက်သည်။ Hostကထိုနေရာမှာ အသင့်ထိုင်စောင့်နေကာ သူတို့နှစ်ယောက်ဝင်လာတာကိုမြင်တာနဲ့ ချက်ချင်းနှုတ်ဆက်လေသည်။

'' 《 အကောင်းဆုံးပါတနာ 》ရဲ့ လိုက်ဖက်ညီညီပါတနာပြိုင်ပွဲမှာ အနိုင်ရသွားတဲ့အတွက် ဂုဏ်ယူပါတယ် ''

ယန်းချင်းချီ နဲ့ ကျန်းမော့ချန် ပျော်ပျော်ရွှင်ရွှင် High fiveလုပ်လိုက်ကြကာ သူတို့ ဒီရလာဒ်အတွက် အထူးကျေနပ်နေကြသည်။

Hostကပြောလာသည်။

'' မင်းတို့နှစ်ယောက် ကြိုက်တဲ့အရသာကို ရွေးနိုင်ပါတယ် ''

'' တခြားလူတွေကိုရော စောင့်ဖို့လိုသေးလား '' ယန်းချင်းချီမေးလိုက်သည်။

''အရင်ကအတွေ့အကြုံတွေအရတော့ တချို့ကအရမ်းနှေးတယ် အဲ့ဒါကြောင့် သူတို့ကိုစောင့်စရာမလိုတော့ဘူး ပီဇာစားပြီးတာနဲ့ ကျန်တဲ့အချိန်ကို မင်းတို့ကြိုက်တာလုပ်လို့ရပြီ ''

ဒါကတော့ တော်တော်လေး အံအားသင့်စရာကောင်းသည့် သတင်းကောင်းဖြစ်သည်။ ယန်းချင်းချီနဲ့ ကျန်းမော့ချန် menuကိုကြည့်ကာ သူတို့ကြိုက်နှစ်သက်တဲ့အရသာတွေမှာလိုက်ကြသည်။ ထို့နောက် အန်ကယ်John ပီဇာဖုတ်နေတာကို စောင့်ရင်း စကားတပြောပြောဖြင့် ကိတ်မုန့်ထိုင်စားနေလိုက်သည်။

ယန်းချင်းချီဆီကနေ ဟိုဟိုဒီဒီ လျှောက်ပတ်ကြည့်ချင်သေးတယ်ဟု ပြောသံကြားလာတော့ ကျန်းမော့ချန်ကလည်း ထိုအတွေးရှိနေတာကြောင့် ချက်ချင်းသဘောတူလိုက်ကာ နှစ်ယောက်သား ပီဇာဖြင့် ညနေစာကိုပျော်ပျော်ရွှင်ရွှင်သုံးဆောင်အပြီး ဒီတစ်နေ့တာရဲ့ကျန်ရှိနေသည့် လက်ကျန်အားလပ်ချိန်လေးမှာ နှစ်ယောက်တစ်ကမ္ဘာတည်ဖို့ ပြင်ဆင်လိုက်ကြသည်။

သူတို့ ပီဇာဆိုင်ကနေထွက်ထွက်ချင်း လီမော့နဲ့ လီပေါ်ကျုံးကလည်း ရောက်ချလာသည်။ လီမော့ အံ့သြနေသည့်လေသံလေးဖြင့်

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now