Chapter 63

27.9K 3.6K 365
                                    

Unicode

ကျန်းမော့ချန်၏အတွေးများ၊ ချင်းချီ Idol Drama စရိုက်တော့မယ်
__________________________________

ကျန်းမော့ချန် ယန်းချင်းချီ၏ မျက်နှာကြည်ကြည်လေးကို ကြည့်ရင်း အရင်ကထုတ်ဖူးခဲ့သည့် မေးခွန်းကို ပြန်မမေးပဲမနေနိုင်ခဲ့။ ဘာလို့ သူ့ရှေ့က ယန်းချင်းချီက အရင်ကယန်းချင်းချီနဲ့ ကွဲပြားနေရတာလဲ? တဖက်လူရဲ့ အလိုအလျောက် တုံ့ပြန်နိုင်စွမ်းတွေ၊ လျင်မြန်ဖျက်လတ်မှုတွေ၊ အအိပ်ဆတ်တာလေးတွေ၊ အခုထပ်တိုးလာသည်မှာ Recording သွင်းထားတတ်တဲ့ အကျင့်လေးရယ်၊ ဘယ်လောက်သောက်,သောက်မမူးတဲ့ ခံနိုင်ရည်စွမ်းရယ်။

သို့သော် ယန်းချင်းချီဘက်က စိတ်လိုလက်ရထုတ်မပြောလာသရွေ့ ကျန်းမော့ချန်ဘက်ကလည်း ထုတ်မေးမည်မဟုတ်ပါ။ သူ စိတ်ပူမိသွားတာကြောင့် ဖုန်းခေါ်လိုက်ခြင်းဖြစ်ကာ တဖက်လူအဆင်ပြေနေတာ မြင်လိုက်ရတော့ စိတ်အေးသွားရပြီဖြစ်သည်။

သူ့ကို နူးနူးညံ့ညံ့လေးပြုံးပြနေသည့် ယန်းချင်းချီအား Videoထဲကတစ်ဆင့်ကြည့်ရင်း

''ဟုတ်ပြီ အချိန်မစောတော့ဘူး ကောင်းကောင်းအနားယူလိုက်တော့ စောစောအိပ် ''

''အင်း ခင်ဗျားလည်း စောစောအိပ်တော့ ''

''အင်း ဒါဆို ကိုယ်ဖုန်းချလိုက်တော့မယ် အိပ်တော့နော် ''

ယန်းချင်းချီ ခေါင်းငြိမ့်ပြရင်း ''အင်းပါ '' ထို့နောက် သူတစ်ခုခုကို သတိရသွားတာကြောင့် ''ကျန်းမော့ချန်! ရွမ်ဝမ်ရွှမ်းနဲ့ ကျူးလီကိစ္စကလေ ဒီမှာတင်ပြတ်သွားပြီနော် သူတို့ကိုစိတ်ထဲထည့်မနေနဲ့တော့ ဟုတ်ပြီလား ''

ယန်းချင်းချီက တခါတလေ စကားအရမ်းများသည်ဟု သူတွေးလိုက်မိသည်။ အကြောင်းအရာတစ်ခုခုပြောနေရင်း နောက်အကြောင်းအရာတစ်ခုကို အလွယ်လေးပြောင်းလိုက်နိုင်ကာ စုံစီနဖာဝေဝေဆာဆာပြောနိုင်သည်။ တခါတလေကျ စကားကိုတုံးတိကြီးပြောချတတ်ပြီး တခါတလေကျတော့လည်း ပညာသားပါပါပြောတတ်သည်။ တခါတလေကျ ရွေးချယ်မှုက သူ့လက်ထဲမှာပဲ ရှိနေသလိုမျိုး ပြောတတ်ပြန်သည်။ အခုလိုမျိုးပေါ့။ ယန်းချင်းချီက 'ဒီကိစ္စကိုကျွန်တော်ဖြေရှင်းလိုက်ပြီ ခင်ဗျားဝင်မပါနဲ့တော့လို့ ' တရားသေကြီးပြောမလာပဲ တစ်ဖက်လှည့်လေးဖြင့် 'သူတို့ကိုစိတ်ထဲမထည့်နဲ့တော့ ဟုတ်ပြီလား' ဆိုပြီး ညှိညှိနှိုင်းနှိုင်းလေသံလေးဖြင့် သူ့သဘောထားကို ချပြတတ်သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now