Chapter 190

20.6K 2.8K 235
                                    

Unicode

ဇာတ်သိမ်းပိုင်း (၁)
_______________________________

ဇွန်လမှာတော့ 《 မြူနှင်းကြားက သိုင်းသမား 》 ရုပ်ရှင်ကားကြီးမှာ ဇူလိုင်လ၁၃ရက်နေ့တွင် တရုတ်မှာ တရားဝင် ရုံတင်မည်ဟု ကြေငြာလိုက်သဖြင့် ယန်းချင်းချီတစ်ယောက် ရုပ်ရှင်အဖွဲ့သားတွေနဲ့အတူတူ မြို့အနှံ့လိုက်ပြီး ပရိုးမိုးရှင်းပွဲတွေတက်ခဲ့ရသည်။ ယုံမှားသံသယမရှိလောက်ပဲ သတင်းထောက်တွေရဲ့ မေးခွန်းတိုင်းက သူ့ကိုပဲဦးတည်နေသည်။ ယန်းချင်းချီ ရုပ်ရှင်နဲ့ပတ်သက်သည့်မေးခွန်းတွေဆို အကုန်လုံးပြန်ဖြေကာ သူနဲ့ကျန်းမော့ချန်အကြောင်းဆိုလျှင်တော့ တချို့မေးခွန်းတွေရွေးပြီး အကျဥ်းချုပ်ဖြေလိုက်သည်။

ထိုပွဲတွင် ယန်းချင်းချီလည်ပင်းမှာဆွဲခဲ့ဖူးသည့် လက်စွပ်ကလေးက အခုဘယ်ဘက်လက်သန်းကြွယ်မှာဝတ်ထားတာကို Fanတွေရော ဖြတ်လျှောက်တွေပါ သတိထားမိသွားကြသည်။ ထို သေးနုပ်သည့်အချက်အလက်လေးက မရေမတွက်နိုင်သည့် မေးခွန်းပေါင်းများစွာ ဖြစ်ပေါ်စေကာ တချို့ဆို Screenshotတွေရိုက်ပြီး Forumထဲအထိသယ်လာကြသည်။

[ ဒါက ပရိုပို့စ်လုပ်ပြီးပြီလို့ပြောလိုက်တာလား ???ယန်းချင်းချီက လက်စွပ်တစ်ခါမှမဝတ်ပြဖူးဘူးလေ ပြီးတော့လည်း ဝတ်တဲ့နေရာက ဘယ်ဘက်လက်သန်းကြွယ်ကြီးမှာ! အထူးသဖြင့် လက်စွပ်ဒီဇိုင်းကလည်း ဒီလောက်ထူးခြားနေတာကို ]

ချန်ချီ CP Fanတွေကတော့ ဓာတ်ပုံကို အကျယ်ချဲ့ကြည့်လိုက်သည့်အခါ ပျံလွှားငှက်ပါးစပ်ထဲ ကြယ်လေးရှိနေတာကိုမြင်ပြီး ဖြတ်လျှောက်တွေထက် ပိုလို့တောင် အံ့အားသင့်နေကြသေးသည်။ သူတို့ရဲ့ အားးးးးးးးးး တွေက အတောမသတ်နိုင်လောက်အောင် ထွက်ပေါ်လာကာ ထိုလက်စွပ်က လက်ထပ်ခွင့်အတောင်းခံရသည့်လက်စွပ်ဟု တရားသေမှတ်ယူလိုက်ကြသည်။

《 မြူနှင်းကြားက သိုင်းသမား 》တရားဝင်ရုံတင်တော့ ပရီမီယာပွဲကို ယန်းချင်းချီ ကျန်းမော့ချန်နဲ့အတူတူ သွားကြည့်လိုက်သေးသည်။ ဖုမင်ကျီးရဲ့ ရိုက်ချက်တွေက အရမ်းလှပသည်မှာ မသိလျှင် ဝမ်းယောင်က ပန်းချီကားထဲကနေ ခုန်ထွက်လာသည့်အလား။ ယန်းချင်းချီရဲ့ကောက်ကြောင်း၊ မိတ်ကပ်အပြင်အဆင်နှင့် ကင်မရာမန်းရဲ့ အမိအရရိုက်ချက်တွေအောက်မှာ အေးတိအေးစက်နိုင်သည့်သံသတ္တုလိုပင်။ လက်ထဲကဓားထက်တောင် မျက်နှာအမူအရာက အေးစက်နေသေးသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now