Chapter 164

20.6K 2.9K 198
                                    

Unicode

လီမော့နဲ့ ယွီရှောင်ယွီ အချေအတင်ရန်ဖြစ်ကြပြီ၊ ကျန်းမော့ချန်ကတော့ စီနီယာကျကျသင်ပြပေးလိုက်တယ်
__________________________________

ယန်းချင်းချီ ချက်ချင်း ခေါင်းတွေထိုးကိုက်သွားသည်။ သူ ဖေ့ကျင့်ယွီနဲ့ ထိပ်တိုက်မတွေ့သရွေ့ အေးအေးချမ်းချမ်းနေရမည်ဟု ထင်မှတ်ထားသော်ငြား ယွီရှောင်ယွီက ဖေ့ကျင့်ယွီထက် ပိုဆိုးနေသည်။

ထိုကဲ့သို့အရေးကြီးသည့်အခြေအနေတွင် နောက်ဆုံးမှာထိုင်နေသော လှေသမားက ယွီရှောင်ယွီအနားလျှောက်လာကာ ကူလှော်ပေးလိုက်သည်။ လှေပေါ်မှာရန်ထပ်ဖြစ်ကြမှာစိုးလို့လည်းဖြစ်နိုင်သည်။ လှေသမားက ကမ်းကပ်တာနဲ့ အကုန်လုံးကို ကုန်းပေါ်ပြန်တက်ခိုင်းလိုက်သည်။

ယွှီရှောင်ယွီ ဆူပုတ်ပုတ်အမူအရာဖြင့် လျှောက်နေစဥ် ဝေ့ကျီးဟန်ကတော့ တော်တော်လေးစိတ်ကုန်နေသည့်အမူအရာဖြင့် ပုခုံးတွန့်ပြသည်။

ယန်းချင်းချီ ကျန်းမော့ချန်ကို တိုးတိုးလေးကပ်မေးလိုက်သည်။

'' ခင်ဗျားပြောကြည့် သူတို့နှစ်ယောက်က ဒီလိုပုံစံဖြစ်နေမှတော့ အသင်းဆက်ဖွဲ့လို့အဆင်ပြေပါ့မလား ''

'' မဟုတ်ရင်? စာချုပ်တွေလည်းချူပ်ပြီးပြီလေ ပြီးတော့ အဖွဲ့ကိုဖျက်ချင်တိုင်းဖျက်လို့ရတာမှမဟုတ်တာ ''

ယန်းချင်းချီခေါင်းတစ်ခါခါဖြင့် '' ဘာလို့စိတ်ရှုပ်ခံနေကြတာလဲ '' သူ အသံတိုးကာ ကျန်းမော့ချန်နားအနားကပ်ပြောလိုက်သည်။ '' ဒါပေမဲ့ ပရိသတ်တွေကတော့ သူတို့ကိုကြည့်ရတာကို တော်တော်လေးသဘောကျကြမှာပဲ ဘယ်လိုပဲဖြစ်ဖြစ် ရန်ဖြစ်တယ်ဆိုတာကလည်း သူတို့အတွက် ဆွဲဆောင်မှုတစ်ခုပဲလေ ''

ကျန်းမော့ချန် ယန်းချင်းချီကိုငုံ့ကြည့်လိုက်ကာ

'' ကံကောင်းစွာနဲ့ ကိုယ်တို့နှစ်ယောက်က အဲ့လိုပရိသတ်ဆွဲဆောင်တာမျိုးတွေ လုပ်ဖို့မလိုအပ်ဘူး ''

'' အမှန်ပဲ '' ယန်းချင်းချီ ထိုသို့တွေးမိလိုက်တော့ ရာနှုန်းပြည့်ဝမ်းသာသွားသည်။

သူတို့ မော့ရှောင်းရှောင်းတို့လှေ ကမ်းကပ်လာမှာကို အချိန်အနည်းငယ်လောက် ရပ်စောင့်လိုက်ကြရသည်။ မော့ရှောင်းရှောင်းတစ်ယောက် လှေရပ်,ရပ်ချင်း သူတို့ကို​မေးလာသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now