Chapter 49

29.2K 3.5K 225
                                    

Unicode

ချန်ချီကာပယ်လ်မြစ်ဖျားခံရာ
__________________________________

ယန်းချင်းချီ ချီချီ့အား ညင်ညင်သာသာလေး လှုပ်နှိုးနေတာကိုကြည့်ရင်း ကျန်းမော့ချန်တစ်ယောက် အစောပိုင်းက အမှောင်ထဲမှာ တဖက်လူလက်ကို သူ ဘယ်လိုကိုင်ထားမိကြောင်း ပြန်သတိရသွားသည့်အခါ နားဖျားလေးများ အနည်းငယ်နီစွေးလာသည်။ လက်ထပ်ပြီးကတည်းက နမ်းတာ၊ကားမောင်းတာ စသည့် စုံတွဲတွေလုပ်သင့်သည့် အရာများအားလုံး နှစ်ယောက်သား လုပ်ဖူးခဲ့သော်ငြား တစ်ခါမှ လက်မကိုင်ဖူးခဲ့ပါ။ အရွယ်ရောက်လာသည့်လူကြီးများ၏ ခံစားချက်များမှာ ကျောင်းသားဘဝတုန်းကလို  မဖြူစင်တော့ပဲ ခံစားချက်များအပြင် တခြားအရာများပါ ရောပါလာပြီဖြစ်သည်။ အခုလိုမျိုးပေါ့။ လက်ထပ်မှတ်ပုံတင်ရလိုက်တဲ့နေ့ကတည်းက တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးကြသေးသော်ငြား လိုင်စင်ဖြင့် ကားမောင်းလိုက်ကြသည်။ __ __ ထိုအချိန်တုန်းက ခံစားချက်တွေအကြောင်းလည်း မပြောချင်သလို သူ ယန်းချင်းချီအပေါ် ခံစားချက်တွေ တကယ်ကြီး ရှိလာလိမ့်မယ်လို့လည်း မတွေးခဲ့ဖူးပေ။ သူတွေးခဲ့မိသည်က နှစ်ယောက်စလုံး တစ်အိုးတစ်အိမ် ထူထောင်လိုက်ပြီဆိုမှတော့ ဘဝတစ်သက်တာလုံး အတူရှိနေရတော့မည်ဟုသာ။ ထို့ကြောင့် သဘာဝကျစွာပင် သူတို့နှစ်ယောက်စလုံး သာမန်လက်ထပ်ပြီးသား စုံတွဲတွေလို လုပ်သင့်တာတွေရော မလုပ်သင့်တာတွေရော အကုန်လုပ်ဖူးခဲ့သည်။ သို့သော် မချစ်ပဲလက်ထပ်လိုက်ကြသည့် စုံတွဲအများစုမှာ တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးလာမှ ခံစားချက်ရှိလာမှသာ ကားမောင်းကြမည်ဟု တောင့်ခံတတ်ကြသည်။

တကယ်လို့ သူ ယန်းချင်းချီအပေါ် အိမ်ထောင်သက်တစ်လျှောက်လုံး ခံစားချက်မရှိလာခဲ့ရင် နှစ်ယောက်စလုံး လိင်မှုဆက်ဆံရေးကင်းတဲ့ မုဆိုးဖိုကြီးတွေလို နေသွားကြမှာလား??

ထိုသို့လုပ်စရာအကြောင်းမရှိပေ။ လက်ထပ်လိုက်ပြီဆိုမှတော့ သာမန်လက်ထပ်ပြီးသားစုံတွဲတွေလို ပြုမူဆက်ဆံရမည်။ နှစ်ယောက်စလုံး လက်မထပ်ခင် ချစ်ခြင်း၊ကြိုက်ခြင်းအဆင့်ကိုကျော်ခဲ့သော်ငြား လက်ထပ်ပြီးသည့်အခါ သာမန်စုံတွဲတွေလို လုပ်သင့်လုပ်ထိုက်သည့်အရာများကိုတော့ လုပ်ကိုလုပ်ရမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းမော့ချန်တစ်ယောက် လက်ထပ်မှတ်ပုံတင်ရတဲ့နေမှာပဲ မင်္ဂလာဦးညကို ပြီးမြောက်စေလိုက်သည်။ ထိုကဲ့သို့ ရိုးရှင်းပြီး တိုက်ရိုက်ကျသည့်နည်းကိုသုံးကာ အိမ်ထောင်ဖက်ဆက်ဆံရေးကို ချည်နှောင်ပစ်လိုက်သည်။ ထိုညက ယန်းချင်းချီကို ရင်ခွင်ထဲထည့်ပြီး သူ့ကိုယ်သူပြန်သတိပေးခဲ့ဖူးသည်။ 'သူနဲ့ ပထမဆုံး လိင်ဆက်ဆံဖူးသည့်လူမှာ ယန်းချင်းချီဖြစ်သလို ဘဝတစ်လျှောက်လုံးလည်း ယန်းချင်းချီတစ်ယောက်ထဲသာ ဖြစ်ရမည်။ ဘာလို့လဲဆိုတော့ ခံစားချက်တွေမရှိလျှင်တောင် သူက တဖက်လူ၏တရားဝင်အိမ်ထောင်ဖက် ဖြစ်နေတာကြောင့် သူ့တစ်ယောက်ထဲမှာသာ လုပ်ပိုင်ခွင့်ရှိသည်။'

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now