Chapter 59

27K 3.3K 281
                                    

Unicode

ယန်းချင်းချီ MVPရတယ်၊ ရွမ်ဝမ်ရွှမ်း တစ်ခုခုလုပ်ဖို့ကြံစည်နေပြီ
__________________________________

ချန်ရွှမ်းလန်က ကပ္ပတိန်ဖြစ်တာကြောင့် ယန်းချင်းချီ တဖက်လူ၏တံဆိပ်ပြားကို ခပ်မြန်မြန်ကြီး ဖြုတ်မပစ်ချင်ပါ။ စွင်းရွှင်နှင့် ချန်ရွှမ်းလန်တို့ကို အသင်းခေါင်းဆောင်နေရာပေးထားရခြင်းမှာ သူတို့၏တည်ရှိမှုက အခြားအဖွဲ့သားများနှင့် အနေအထားမတူသောကြောင့်ဖြစ်သည်။ သူ ချန်ရွှမ်းလန်တံဆိပ်ပြားကို သူများတွေနည်းတူ ဆွဲဖြုတ်လိုက်တာက သူ့အတွက်အဆင်ပြေ၊မပြေ မသေချာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ချန်ရွှမ်းလန်ကလည်း စွင်းရွှင်လို ဒီ Variety Showမှာ နာမည်ရှိသူတစ်ယောက်ဖြစ်တာကြောင့် သူအလျင်စလိုလုပ်လိုက်လျှင် ချန်ရွှမ်းလန်လည်း မပျော်မရွှင်ဖြစ်လိမ့်မည်။ သူ့Fanတွေလည်း မပျော်မရွှင်ဖြစ်လိမ့်မည်။ ပရိုဂရမ်အဖွဲ့ကလည်း မပျော်မရွှင်ဖြစ်လိမ့်မည်။

ထို့ကြောင့် သူချက်ချင်း နောက်ပြန်ဆုတ်လိုက်ကာ ပြတင်းပေါက်ဘောင်ပေါ် ခြေထောက်အရှည်ကြီး လှမ်းခွလိုက်သည်။ ယန်းချင်းချီ ချန်ရွှမ်းလန်၏ အံ့သြမှင်သက်သွားသည့် မျက်နှာကို အပြုံးလေးဖြင့်ကြည့်ရင်း ''နောက်မှတွေ့ကြမယ် ''

ထိုသို့ပြောကာ ဆွေ့ခနဲ ခုန်ဆင်းသွားလေသည်။

ချန်ရွှမ်းလန်တစ်ယောက် ထိတ်လန့်တကြားဖြစ်သွားကာ ပြတင်းပေါက်ဆီ အမြန်ပြေးပြီး ငုံ့ကြည့်လိုက်သည်။ ယန်းချင်းချီမှာ မြေကြီးပေါ် မြဲမြံစွာရပ်ရင်း သူငုံ့ကြည့်လာတာကို တွေ့တော့ တာ့တာတောင်ပြသွားသေးသည်။

ချန်ရွှမ်းလန်ကြောင်အသွားသည်။ ဒီစာသင်ခန်းက ပထမအထပ်မှာဆိုသော်ငြား အရမ်းကြီးမမြင့်သလို အရမ်းကြီးလည်းနိမ့်မနေပါ။ အခုလိုကြီး တိုက်ရိုက်ခုန်ချသွားတာက ယန်းချင်းချီတစ်ယောက်ထဲသာ ပထမဆုံးဖြစ်သည်။

ယန်းချင်းချီခုန်ဆင်းသွားတာကို မျက်လုံးနှစ်လုံးဖြင့် သေချာမြင်လိုက်ရသည့် ယန်ရှောက်ရှောက်မှာ ချန်ရွှမ်းလန်အား မယုံနိုင်သလိုလေး မေးလာသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now