Chapter 168

17.1K 2.5K 124
                                    

Unicode

ပြိုင်ပွဲ တရားဝင်စတင်ပြီ
__________________________________

'' ကဲ အချိန်ပြည့်ပြီ အချိန်ပြည့်ပြီ ပြိုင်ပွဲစတင်ပါပြီ! '' Hostကြေငြာလိုက်ပြီဆိုတာနဲ့ လူတိုင်းကလည်း သူ့ထက်ငါအရင်ဦးအောင်လှုပ်ရှားကြတော့သည်။

ယန်ရှင်းဟယ့်နဲ့ ယွီဟောင့်ယွမ်ပြေးသွားတာကိုမြင်တော့ ယန်းချင်းချီ ကျန်းမော့ချန်ကိုကြည့်ကာ

'' ကျွန်တော်တို့လည်းပြေးကြမလား ''

ကျန်းမော့ချန် ခေါင်းငြိမ့်ပြသည်။

'' ပြေး ''

သူတို့နှစ်ယောက်လှစ်ခနဲပြေးထွက်သွားလေသည်။

ယန်ရှင်းဟယ်နဲ့ ယွီဟောင့်ယွမ်တို့ပြေးနေစဥ် ယန်းချင်းချီနဲ့ ကျန်းမော့ချန်တို့နှစ်ယောက်မှာ သူတို့ဘေးနားကနေရုတ်တရက်ကြီးဖြတ်သွားတာကို မြင်တွေ့လိုက်ရသည်။ ယန်းချင်းချီမှာ ခေါင်းပြန်လှည့်ပြီး သူတို့ကိုတောင်အပြုံးလေးဖြင့်နှုတ်ဆက်သွားသေးသည်။

'' အရင်သွားပြီနော် ''

ယန်ရှင်းဟယ့်ကြောင်အသွားကာ

'' သူတို့ဘာလို့အဲ့လောက်အထိ မြန်ရတာလဲ ''

ယွီဟောင့်ယွမ်က စဥ်းစဥ်းစားစားပြောလာသည်။

'' ဒါက သူတို့ရဲ့ အားသာချက်ဖြစ်နိုင်တယ် မမေ့နဲ့လေ အရင်ပွဲတုန်းကလည်း သူတို့ပဲပထမရထားတာ ''

ယန်းချင်းချီနဲ့ ကျန်းမော့ချန်ပြေးထွက်သွားတာကိုမြင်တော့ ဖေ့ကျင့်ယွီအသံတိုးလေးဖြင့် သစ္စာဖောက်ဟုကျိန်ဆဲလိုက်ကာ နောက်ကအမြန်လိုက်သွားလေသည်။ ယွဲ့ဇီမင်လည်း ဖေ့ကျင့်ယွီနောက်ပြေးလိုက်ရတော့သည်။

သူတို့ဦးဆောင်မှုအောက်မှာ လူတိုင်းပြေးကြသည်။ အသက်မရှုစတမ်း ပြေးထွက်သွားသည့် ဝေ့ကျီးဟန်ကိုကြည့်ကာ ယွီရှောင်ယွီ စိတ်တိုသွားသော်ငြား သူမကိုစောင့်ဖို့လှမ်းလည်းမခေါ်ချင်တာကြောင့် စိတ်ဆိုးတကြီးနောက်ကပြေးလိုက်သွားသည်။

ကျန်းနင်ဝေး သူ့ဘေးပတ်ပတ်လည်က လူတွေအကုန်လုံးအပြေးမြန်ကြတာကိုမြင်တော့ gameထဲကလို ခန္ဓာကိုယ်စွမ်းရည်မြှင့်တင်ပေးတဲ့ ဆေးရည်တို့၊ ငှက်မွေးလေးလိုပေါ့ပါးသွက်လက်ပြီး ပျံသန်းနိုင်သည့်စွမ်းရည်တို့ မဝယ်နိုင်တာကို တော်တော်လေးဝမ်းနည်းနေမိသည်။ သူမကိုယ်တိုင်ကမပြေးချင်လို့မဟုတ်ပဲ သူမခန္ဓာကိုယ်ကိုက မပြေးနိုင်တာဖြစ်သည်။ ကျောင်းသူဘဝကလည်း ကျောင်းနောက်ကျလို့ မီတာ၈၀၀ပြေးရလျှင် ဆရာမစိတ်ကြည်နေချိန်ဆို အခန်းထဲဝင်ခွင့်ရပြီး စိတ်မကြည်ချိန်ဆို လိပ်နှုန်းဖြင့် နောက်တခေါက်ထပ်ပြေးရသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now