Chapter 187

19.8K 2.6K 134
                                    

Unicode

ကျွန်တော့်ကိုကြိုက်တယ်လို့ပြော၊ ကျွန်တော့်ရဲ့လျှို့ဝှက်ချက်လေးပြောပြမယ်
_______________________________

[ အမှန်ပဲ ]  ကျားကျားကလည်း ဝင်ပြောလာသည်။ [ Variety Showတိုင်းက လူတိုင်းရဲ့အသွင်သဏ္ဍာန်အစစ်ကို မပြပေမဲ့ ကြည့်တဲ့လူတွေကလည်း ငတုံးတွေမှမဟုတ်တာ တစ်ချက်ကြည့်ရုံနဲ့ သူက ဟန်ဆောင်ပြနေတာလား တကယ့်အစစ်အမှန်လားဆိုတာကို မြင်နေရပါသေးတယ် အမှန်အတိုင်းပြောရရင် ယန်းချင်းချီက တော်တော်လေးကိုသိတာ သူ မလုပ်တတ်တဲ့အရာကလည်း ခပ်ရှားရှားရယ် ကောကောနဲ့အတူတူရှိနေချိန်ဆိုလည်း အတိုင်အဖောက်ညီနေရော ကောကောက သူ့ဘဝတစ်သက်တာလုံးလက်တွဲသွားရမဲ့ အိမ်ထောင်ဖက်တစ်ယောက်ကို ဒီတိုင်း ပေါပေါပဲပဲရွေးလိုက်တာမဟုတ်ဘူး သူ့နောက်ခံနဲ့ အချောအလှ၊ ဆင်းရဲချမ်းသာ စိတ်ကောင်း၊စိတ်ယုတ် မမြင်ဖူးတဲ့လူရှိမလား ယန်းချင်းချီကိုရွေးလိုက်တယ်ဆိုကတည်းက ယန်းချင်းချီက သူ့အတွက်ထူးခြားနေလို့ပေါ့ ]

[ ဒါပေမဲ့ ယန်းချင်းချီက ယောကျ်ားလေးလေ ] တစ်ယောက်ယောက်က တိုးတိုးလေးဝင်ပြောလာသည်။

[ အဲ့တော့ဘာဖြစ်လဲ ] ရိရန်ကလည်း သူမကိုပြန်မေးလိုက်သည်။ [ အခု ဘယ်နှစ်ရာစုရှိနေပြီလဲ အစိုးရကတောင် လိင်တူခြင်းလက်ထပ်ခွင့်ပြုထားတာကြာပြီ နင်က လိင်တူချစ်သူတွေကို ခွဲခြားဆက်ဆံချင်သေးတာလား ]

[ အဲ့သဘောမျိုးနဲ့ ပြောတာမဟုတ်ပါဘူး...... ]

[ အဲ့ဒါကမှ တာဝန်ယူစိတ်အပြည့်ရှိတဲ့ ငါတို့ကောကောလေ ] ကျားကျားကလည်း ရိရန်နဲ့ ဇာတ်တိုက်ထားသည့်အတိုင်း အချိန်မှီဖြတ်ပြောလာသည်။ [ သူ ယောကျ်ားလေးတွေကိုကြိုက်တယ် သူ့ပါတနာကို တရားဝင်ချပြတယ် သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုကို လူသိရှင်ကြားဝန်ခံတယ် မိန်းကလေးတွေရဲ့ ခံစားချက်ကို မလှည့်စားဘူး တချို့ကျတော့ လိင်တူကြိုက်ပါလျက်နဲ့ မိန်းကလေးနဲ့လက်ထပ်ပြီး နောက်ကွယ်မှာဖောက်ပြန်နေတဲ့ ကောင်တွေတစ်ပုံကြီး! ငါအဲ့လိုယောကျ်ားမျိုးကို အမုန်းဆုံးပဲ! ]

[ အမှန်ပဲ ] Groupထဲက ကောင်မလေးတွေကလည်း နောက်ကနေသံယောင်လိုက်ကြသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now