Chapter 149

22.9K 3.4K 380
                                    

Unicode

အားလုံးက ယန်းချင်းချီကိုထောက်ခံကြတယ်၊ ဘော့စ်ကျန်းနဲ့ ချင်းချီပြန်တွေ့ပြီဆိုတော့ အချိုတွေဝေပြီပေါ့
__________________________________

[ အခုအချိန်အထိတော့ မတွေ့ဖူးဘူး ] တစ်စုံတစ်ယောက်ကပြန်ဖြေလာသည်။

[ မတွေ့ဖူးတာမဟုတ်ဘူး ဒီလို သူများအတွက်စာတင်ပေးတာမျိုး တစ်ခါမှကိုမဖြစ်ဖူးတာ! ကျန်းမော့ချန် Weiboက TVစီးရီးနဲ့ဇာတ်ကားတွေအတွက် promotion ဆင်းပေးတာကလွဲရင် ကျန်တာက သူရိုက်ထားတဲ့ Brandကြော်ငြာတွေကို ပြန်repostလုပ်မယ် အားလပ်ရက်ဆို ဓာတ်ပုံလေးတွေ စာလေးတွေတင်မယ် အဲ့လိုတွေချည်းပဲ အခု ယန်းချင်းချီကသာ ပထမဆုံးဒီလိုဆက်ဆံခံရဖူးတဲ့ အခွင့်ထူးခံလူတန်းစား !!! ]

[ .............. ]

[ .............. ]

[ ငါ ပုံစံခွက်အတိုင်း မန့်ပေးရဦးမလား ...........  ]

(T/A: အပေါ်ကလူတွေက [......] အဲ့လိုလေးမန့်ထားကြလို့ပါ)

[ ဘယ်ပုံစံခွက်ကိုထိန်းသိမ်းချင်နေသေးတာလဲ! ဘာတွေဖြစ်ကုန်တာလဲဟင်? တစ်ယောက်ယောက်လောက် ငါ့ကိုအလင်းပြပေးလို့ရမလား ယန်းချင်းချီနဲ့ မော့ကျန့်ယင်းနဲ့ အပြန်အလှန်တိုက်ခိုက်ကြတယ် ကျန်းမော့ချန်ကရှေ့ထွက်လာတယ် ဒါဆိုငါကရော ??? ]

[ ဟားဟားဟားဟား ကျန်းမော့ချန်က တော်တော်လေးရိုးသားတာပဲ ဟားဟားဟားဟား ]

[ ရိုးသားတယ်ဆိုတဲ့စကားလုံးက ကလေးတွေအတွက်ပဲ သူ့ကိုတော့လွှတ်ပေးလိုက်ကြပါတော့ နင်ပြောချင်တဲ့ရိုးသားတာက ဟိုလိုရိုးသားတာကိုပြောတာတော့မဟုတ်ဘူးမလား ]

[ မဟုတ်ရင် ဘယ်လိုရိုးသားတာကိုပြောချင်တာလဲ ??? ဒါကို နတ်သမီးပုံပြင်လို့ပြောချင်တာလား နေပါဦး ကျန်းမော့ချန်က ယန်းချင်းချီကို တကယ်ကြီးကြိုက်နေတာတော့မဟုတ်လောက်ပါဘူးနော်??? ]

[ အပေါ်ထပ်ကတော့ main pointကို တည့်တည့်သွားထိတာပဲ ]

[ အပေါ်ထပ်က ရဲရင့်တဲ့စစ်သည်တော်! ]

[ ချန်ချီCP Fanတွေထွက်သွားစမ်း !!!!သူငယ်ချင်းကောင်းတွေက နင်တို့နဲ့ကျမှပဲ CPဖြစ်တော့တယ် ကျန်းမော့ချန်က သူ့သူငယ်ချင်းသူ support ပေးချင်လို့ Weiboပေါ်စာတင်တာ ဘာဖြစ်လဲ ဘာတွေများကြီးကျယ်သွားလို့လဲ ဒါလဲ CPဖြစ်သွားတာပဲလား Shipချင်ရင် နင်တို့ဘာနင်တို့ Group chatထဲ သွားshipကြ! ]

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now