Chapter 66

35.5K 4.4K 641
                                    

Unicode

ကျန်းမော့ချန်ကို အနိုင်ကျင့်ခြင်း၊ ဝေ့လန်ပွဲကြည့်ဖို့ လာပြီ
__________________________________

ကျန်းမော့ချန် ခပ်တိုးတိုးရယ်လိုက်သည်။

''မကြားလိုက်ဖူးလား မကြားရင်လည်း ထားလိုက်ပါတော့ ''

ယန်းချင်းချီ မကျေနပ်ဖြစ်သွားကာ

''မကြားဘူးလို့ပြောရင် နောက်တခေါက် ထပ်ပြောပြရမှာမဟုတ်ဘူးလား ''

''စကားကောင်းတွေက နှစ်ခါမပြောရဘူးဆိုတဲ့ စကားပုံကိုမကြားဖူးဘူးလား ''

''မကြားဖူးပါဘူး '' ယန်းချင်းချီကလည်း ဘွင်းဘွင်းရှင်းရှင်း ဝန်ခံလိုက်သည်။

''အခုကိုယ်ပြောပြလိုက်ပြီ ကြားဖူးသွားပြီမလား ''

ယန်းချင်းချီအေးစက်စက် နှာခေါင်းရှုံ့လိုက်ကာ

''ကျန်းမော့ချန် ကျွန်တော့်အထင်တော့ ယွမ်မင်ရွှိလာမဲ့ကိစ္စကို ပရိုဂရမ်အဖွဲ့နဲ့ညှိစရာမလိုဘူး ခင်ဗျားလာမဲ့နှစ်ပိုင်းကျမှ ပရိုဂရမ်အဖွဲ့ကိုပြောရမှာ ခင်ဗျားရှိနေရင် ကျွန်တော်မပါဘူးလို့ ကျွန်တော်နဲ့ရိုက်ချင်ရင် ခင်ဗျားကိုမထည့်ရဘူးလို့ ''

ကျန်းမော့ချန် သဘောကျသလို ရယ်လိုက်ကာ

''အဲ့တော့ ပရိုဂရမ်အဖွဲ့က ဘယ်သူ့ကိုရွေးမယ်လို့ထင်လဲ ''

''ခင်ဗျားကိုရွေးမှာပေါ့ အဲ့အချိန်ကျ စွင်းရွှင်နဲ့ပဲနှစ်ပါးသွားကြလေ ''

''အခုတော့ ကိုယ်ကြောက်သွားမှာကို စိတ်မပူတော့ဘူးပေါ့? ''

(T/N: ဒါလေးက ချင်းချီ ယွမ်မင်ရွှိကို မော့ချန်နဲ့တွေ့ခွင့်မပေးဘူးပြောတုန်းက 'ခင်ဗျားကိုခြောက်သလိုဖြစ်သွားသလား' မေးခွန်းကိုရည်ညွှန်းတာပါ)

''ခင်ဗျားကရော အခုကြောက်နေလို့လား ''

ကျန်းမော့ချန် နားထင်ကို ကူရာကယ်ရာမဲ့စွာဖိနှိပ်လိုက်ရင်း ရယ်သံစွက်၍ပြောလာသည်။

''မင်းရဲ့အာစောင်းလျှာစောင်းထက်မှုကြီးကိုပဲ ကြောက်နေရတာ ''

ယန်းချင်းချီ သူ မကျေနပ်ကြောင်း ဖော်ပြသည့်အနေဖြင့် ဟွန့်ခနဲအသံပြုလိုက်သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now