Chapter 9

31.9K 4K 417
                                    

Unicode

ဒီအလံက နည်းနည်းလေးအမြင်မရှိဘူး
__________________________________

ချီချီက သူတို့နှစ်ယောက်အား အပြန်အလှန်ကြည့်နေကာ ခဲတံလေးကိုချပြီး အသံပျော့ပျော့လေးနှင့် ခပ်ချွဲချွဲလေးမေးလာသည်။
''သားတို့ဆွဲလို့ရပြီလား ''

ယန်ချင်းချီခဲတံကိုကိုင်ကာ နောက်တစ်ကြောင်းထပ်ဆွဲလိုက်သည်။

ချီချီကလည်း သူ့အတိုင်းလိုက်ဆွဲကာ ကျန်းမော့ချန်အားမော့ကြည့်ပြန်လေသည်။ ကျန်းမော့ချန်မှာ ပြောစရာစကားပင်မရှိတော့သဖြင့် မျက်ဆံကို အပေါ်သို့ လှန်တင်လိုက်ကာ မျက်နှာကျက်ကိုသာ စိတ်ပျက်လက်ပျက် မော့ကြည့်လိုက်မိတော့သည်။ ဒါက သူ့ကံဆိုမှတော့ ရှောင်လွှဲလို့မရတော့ဘူးပဲ။ လက်မခံချင်လည်းလက်ခံလိုက်ရတာကြောင့် ကျန်းမော့ချန်တစ်ယောက် ခဲတံကိုကောက်ကိုင်ကာ ယန်ချင်းချီဆွဲသည့်အတိုင်း စာရွက်ပေါ်တွင် ဆွဲရလေတော့သည်။

သူဆွဲပြီးတာမြင်တော့ ချီချီ့အကြည့်က ယန်ချင်းချီဆီရောက်သွားပြန်သည်။ ယန်ချင်းချီကလည်း နောက်တစ်ကြောင်းဆွဲပြပြန်သည်။ ချီချီကလည်းအ​မြန်လေး လိုက်ဆွဲရင်း ကျန်းမော့ချန်ဆွဲပြီးမပြီးလည်း လှည့်ကြည့်ကာ စစ်လိုက်သေး၏။

ထို အီ​လေးဆွဲနေသည့်မိနစ်အနည်းငယ်က ကျန်းမော့ချန်အတွက်တော့ မူကြိုပြန်ရောက်သွားသလိုပင်။ သူ့လက်ထဲကစာရွက်ကိုငုံ့ကြည့်လိုက်တော့ ငယ်ငယ်ကဆွဲပြီးတိုင်း တောင်ခြစ်မြောက်ခြစ်ထက် ပိုမလာသည့်ပုံအား မြင်ယောင်မိလေသည်။

ဒါကတော့ သူ့ဘဝရဲ့ အနည်းငယ်သော စိတ်ဓာတ်ကျစရာကောင်းပြီး ရုပ်ဆိုးလှသည့် ပြန်မမှတ်မိချင်စရာ အတိတ်ဖြစ်လေသည်။ သူတကယ်ကိုနားမလည်နိုင်ဘူး။ ငယ်ငယ်လေးကတည်းက ပီယာနို၊ ချက်စ်၊ စာ၊ အားကစား သူ မတော်တဲ့နေရာမရှိခဲ့။ ပန်းချီကျမှ အရိပ်မည်းလာထင်နေသည်။ သူ လွယ်လွယ်ကူကူနဲ့ လက်မလျှော့ချင်ခဲ့တာကြောင့် အကြိမ်ပေါင်းများစွာ တိတ်တိတ်လေးခိုးသင်ဖူးသည်။ အဆုံးမှာ ဒုံရင်းကဒုံရင်းပင်။ ပါရမီမပါလာသလားမှတ်ရအောင် ဘယ်တော့မှဆွဲလို့မရခဲ့။ ဘယ်လောက်ကြိုးစားကြိုးစား တောင်ခြစ်မြောက်ခြစ် ပုံကနေ တက်မလာခဲ့ပါ။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now