Chapter 95

27.6K 3.6K 175
                                    

Unicode

လက်စွပ်နှင့် ချီချီ့ရဲ့ခရစ္စမတ်ဖျော်ဖြေပွဲ
__________________________________

အတွေ့အကြုံမရှိပဲ တုံးတုံးအအဖြစ်နေမည့် ယန်းချင်းချီကို ကျန်းမော့ချန်စိတ်ကူးယဥ်ကြည့်လို့မရပါ။ တော်တော်လေးကိုထူးဆန်းသည်။ ယန်းချင်းချီလိုဉာဏ်ကောင်းပုံမျိုး၊ ပြဿနာတစ်ခုခုကြုံလာလျှင် အခက်အခဲမရှိဖြေရှင်းနိုင်ပုံမျိုးနှင့် Recording သွင်းထားတတ်သည့်အကျင့်ပါ ထပ်ပေါင်းလိုက်လျှင် ဒီလောက်အချိန်အကြာကြီး လီရှင်းရန်ဆီကနေ လှည့်စားခံရမည့်လူမျိုးမဟုတ်ပေ။ ဒါဆိုဘာလို့လဲ။ ဘယ်လိုလုပ် ဒီလောက်အချိန်အကြာကြီးလှည့်စားခံနေရတာလဲ။ လီရှင်းရန်က ယန်းချင်းချီရဲ့အချစ်ဦးဖြစ်နေလို့များလား။ တဖက်လူဘာလုပ်လုပ် 1500filterကြီးထည့်ကြည့်ပြီး အကုန်အကောင်းမြင်ပေးနေတာမျိုးလေ? ဒါကြောင့်ပဲဖြစ်ရမယ်! ကျန်းမော့ချန်တွေးလေ တွေးလေ လီရှင်းရန်ကိုရိုက်သတ်ချင်လေဖြစ်လာသည်။ ဘာလို့အဲ့လောက်ချစ်ပေးနိုင်ရတာလဲ! ဒီဆန်ကုန်​မြေလေးက ဘာတွေများကောင်းနေလို့လဲ!!

ကျန်းမော့ချန်တစ်ယောက် ရုတ်တရက်ကြီး မျက်နှာထားတည်တည်ဖြင့် အေးစက်စက်အငွေ့အသက်တွေထုတ်လွှတ်နေတာကိုမြင်တော့ ယန်းချင်းချီ နဝေတိမ်တောင်လေးဖြစ်သွားကာ

''ခင်ဗျား အဆင်ပြေရဲ့လား ''

ကျန်းမော့ချန် ယန်းချင်းချီကို ကြည့်ရင်း သူ့စိတ်ထဲအားမလိုအားမရတွေဖြစ်ပြီး နည်းနည်းလေးလည်းဒေါသထွက်နေသည်။ သို့သော် အတိတ်ဆိုသည့်အရာက သူပြန်ပြင်လို့သည့်အရာမဟုတ်တာကြောင့် အခုလိုသာပြောနိုင်တော့သည်။

''နောက်တစ်ခါ အဲ့ကောင်မင်းကိုဖုန်းထပ်ဆက်ရင် ကိုယ့်ဆီတန်းလွှဲပေးလိုက် ကိုယ်ဖြေရှင်းလိုက်မယ် ''

ယန်းချင်းချီ ခေါင်းလေးငြိမ့်လိုက်ကာ

''ဒါပေမဲ့ သူကျွန်တော့်ဆီထပ်ဆက်သွယ်လောက်မှာမဟုတ်တော့ဘူး ကျွန်တော်က အကောင်ကြီးကြီးတစ်ယောက်ကို အပြစ်ပြုမိထားတယ်လို့ပဲ သူကထင်နေတာ အဲ့လူကသူ့ကိုအသုံးချပြီး ကျွန်တော့်ကိုဒုက္ခပေးချင်နေတယ်ပေါ့ သူမြေစာပင်ဖြစ်သွားမှာစိုးလို့ အခုလောက်ဆို ကျွန်တော်နဲ့ဝေးနိုင်သမျှဝေးဝေးမှာနေနိုင်ဖို့ ဆုတောင်းနေလောက်ပြီ ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now