Chapter 176

18.9K 2.4K 63
                                    

Unicode

အားလပ်ရက်ကုန်ပြီ၊ Variety Show လည်း TVမှာလွှင့်ပြီ
_______________________________

ယန်းချင်းချီနဲ့ ကျန်းမော့ချန် ထိုကျွန်းပေါ်မှာ ၄ရက်ကြာအချိန်ဖြုန်းခဲ့သည်။ နေ့ဘက်ဆို သောင်ခြေပေါ် ကစားလိုက်၊ ပင်လယ်ထဲ ရေဆင်းကူးလိုက် ညဘက်ဆို ဟိုတယ်ပြန်အိပ်လိုက်၊ အခန်းထဲမှာ လူးလှိမ့်လိုက်ဖြင့် ခွင့်ရက်ရှည်ကြီးရထားသလိုမျိုး အရမ်းကိုမှ ပျော်ရွှင်ကျေနပ်နေခဲ့ကြသည်။ သူတို့ပထမနေ့က ကတိပေးထားခဲ့သည့်အတိုင်း နေထွက်တာကိုလည်း အတူတူကြည့်ခဲ့ကြသည်။ တတိယမြောက်နေ့မနက်ခင်းပိုင်းမှာ ပင်လယ်ပြင်ကြီးပေါ် နေလုံးကြီးတဖြည်းဖြည်းထွက်ပေါ်လာသည်အား ယန်းချင်းချီ ကျန်းမော့ချန်ပုခုံးကိုမှီရင်း ပျော်ရွှင်ကြည်နူးစွာ စောင့်ကြည့်ခဲ့သည်။

သူ ကျန်းမော့ချန်ကိုမော့ကြည့်ကာ

'' ပင်လယ်မှာထွက်တဲ့နေနဲ့ တောင်ပေါ်မှာထွက်တဲ့နေက နည်းနည်းတော့ မတူဘူးနော် ''

'' ဟုတ်တယ် ''

'' ဒါပေမဲ့ နှစ်ခုလုံးလှတယ် ''

'' အင်း ''

'' အိုက်ယား အားလပ်ရက်ရတာကောင်းလိုက်တာ '' ယန်းချင်းချီ ပျင်းပျင်းရိရိဆိုလာသည်။ '' တစ်သက်လုံးအားလပ်ရက်ဖြစ်နေရင်ကောင်းမယ် ကျွန်တော်အခုတောင် ဟန်းနီးမွန်းထွက်လိုက်ချင်သေးတယ် မင်္ဂလာဆောင်ပြီးရင် ကျွန်တော်တို့ဟန်းနီးမွန်းကို ခပ်ကြာကြာလေးဖြတ်သန်းကြရအောင် ''

'' ကောင်းပြီ အဲ့အချိန်ကျရင် မင်းရော ကိုယ်ရော schedule တွေရှင်းထားလိုက်မယ် ပြီးရင် ကိုယ်တို့ဟန်းနီးမွန်းကို အကြာကြီးမှ အကြာကြီး ဖြတ်သန်းကြမယ်လေ ''

'' ကျွန်တော်တို့ ကမ္ဘာပတ်လို့ရတယ် နေရာစုံလျှောက်သွားကြမယ် ပြည်တွင်းခရီးစဥ်လည်းဖြစ်တယ် အဲ့ကနေမှ နိုင်ငံခြားကိုတန်းသွားမယ် ''

'' အင်း မင်းသဘော ''

'' ပြောမှပဲ အခုတောင်သွားချင်လာပြီ '' ယန်းချင်းချီ ကျန်းမော့ချန်ကိုကြည့်ရင်း အားမလိုအားမရပြောလာသည်။

'' ဒါဆို ကိုယ်တို့မြန်နိုင်သမျှမြန်မြန် ထုတ်ဖော်ပြလိုက်မယ်လေ အဲ့လိုဆို မြန်မြန်လက်ထပ်ပြီး မြန်မြန်ဟန်းနီးမွန်းထွက်လို့ရပြီ '' ကျန်းမော့ချန် အကြံပေးလာသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now