Unicode
ယွမ်မင်ရွှိရဲ့ နူးညံ့ညင်သာတဲ့ တိုက်စစ်ကို ကျန်းမော့ချန်က အေးစက်စက် ခုခံ
__________________________________ကျန်းမော့ချန် ချိန်းထားသည့်အချိန် ကွက်တိရောက်မှ ကော်ဖီဆိုင်ထဲဝင်လာခဲ့သည်။ သူ ယွမ်မင်ရွှိရှေ့ဝင်ထိုင်လိုက်ကာ
''ကားတွေပိတ်နေလို့ ''
ယွမ်မင်ရွှိ နားလည်ကြောင်း ခေါင်းငြိမ့်ပြလာသည်။
''မင်း ဘာသောက်ချင်လဲ ''
''လက်ဖက်ရည် ဆိုရပြီ ''
လက်ဖက်ရည်တစ်ခွက်လုပ်ပြီး ဒီကိုလာပို့ပေးဖို့ ယွမ်မင်ရွှိသူ့သူငယ်ချင်းကို Wechatကနေစာပို့လိုက်သည်။ ထို့နောက် သူဖုန်းလေးပြန်ချလိုက်ကာ
''မတွေ့တာကြာပြီ ''
''အင်း မတွေ့တာတော်တော်တောင် ကြာပြီ ''
''အဟမ်း အဲ့လောက်ကြီးလည်း သိပ်မကြာသေးပါဘူး '' ယွမ်မင်ရွှိအပြုံးလေးဖြင့် စကားကို ပြန်ပြင်လိုက်သည်။ သူက ပြုံးလိုက်လျှင် အရမ်းကြည့်ကောင်းသည့်အပြင် ဖြူစင်ရိုးသားသည့် အရိပ်အယောင်လေးတစ်ချို့ကိုလည်း ထိုအပြုံးထဲတွင် မြင်ရမည်ဖြစ်သည်။ ''နှစ်လလောက်ပဲ ရှိသေးတာပါ ''
ကျန်းမော့ချန် အနည်းငယ် အံ့သြသွားရသည်။ ___ ဆိုတော့ သူတို့မတွေ့ဖြစ်တာ ၂လလောက်ပဲရှိသေးတယ်ပေါ့? မတွေ့ဖြစ်တာ တော်တော်ကြာနေပြီလို့ ထင်လိုက်တာ ____
''ငါက မင်းအလုပ်ကို လာလည်ချင်ခဲ့တာ အဲ့လိုဆို မင်းလည်း ငါ့အတွက်နဲ့ အလုပ်ဖျက်စရာမလိုတော့ဘူးလေ ဒါပေမဲ့ အဲ့မှာက မင်းအိမ်ထောင်ဖက်လည်း ရှိနေတယ်လို့ စဥ်းစားမိတော့ ငါလာရင် တမျိုးကြီးဖြစ်သွားမှာစိုးလို့ မလာတော့တာ ''
ကျန်းမော့ချန် သူကြားကြောင်းသာ အသံပြုလိုက်သည်။
ယွမ်မင်ရွှိကဆက်ပြောလာသည်။
''သူကရော..... အနုပညာလောကထဲက လူပဲလား ငါဖြင့် တခါမှတောင်မကြားဖူးဘူး ''
''သူက သိပ်မကြာခင်ကမှ ဘွဲ့ရထားတာ ဘယ်ဇာတ်ကားမှာမှ သရုပ်မဆောင်ဖူးသေးဘူး ''

YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||
General Fictionဖန် ထွမ်စလေးရှင်း Main story