Chapter 133

24.8K 3.3K 325
                                    

Unicode

ချန်ချီ CP Fanတွေ ပိုပိုတိုးလာတယ်၊ ယန်းချင်းချီရဲ့ ဇာတ်ကားသစ်စပြီ
_________________________________

တစ်စုံတစ်ယောက်က သူတို့နှစ်ယောက်ရဲ့ Videoအပုဒ်တိုလေးတင်လိုက်သည်။ Videoထဲမှာ ယန်းချင်းချီက တစ်စုံတစ်ယောက်ဖြင့် စကားပြောနေပုံရကာ ကျန်းမော့ချန်က သူ့ပုခုံးကိုပုတ်၍ ခန်းမထဲကနေထွက်ဖို့ သတိပေးလိုက်သည်။ ယန်းချင်းချီ ခေါင်းငြိမ့်ပြကာ ခုံပေါ်ကနေထလိုက်စဥ် ကျန်းမော့ချန် ယန်းချင်းချီကိုလှမ်းတားရင်း တဖက်လူရင်ဘတ်ပေါ်က ရင်ထိုးလေးကို သဘာဝကျကျ ပြန်တည့်ပေးလေသည်။ ယန်းချင်းချီငုံ့ကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် ကျန်းမော့ချန်ဘက်လှည့်ပြီး တစ်ခုခုပြောလိုက်ပုံပင်။ ရုပ်ရှင်ဧကရာဇ်ကြီးကပါ သူ့စကားကြားအပြီး ချက်ချင်းပြုံးသွားလေသည်။

ထိုVideoကို နောက်ခံအချစ်သီချင်းလေးဖြင့် အသည်းပုံeffectတွေ၊ ပန်းeffectတွေ ဝေဝေဆာဆာထည့်ပြီး Editထားကာ OPကတော့ အားးးးးးးးး အတန်းလိုက်ကြီးဖြင့် Captionတပ်ထားသည်။ ဘာစာမှမပါသော်ငြား ထိုအားးးးးတွေကိုကြည့်ရုံဖြင့် သူမဘယ်လောက်အထိစိတ်လှုပ်ရှားနေမှန်း ခန့်မှန်းနိုင်လေသည်။

ချန်ချီCP Fanတစ်သိုက် ထိုVideoကိုမြင်သည်နှင့် သွေးရူးသွေးတန်းအော်ဟစ်ကြတော့သည်။

[ အမေရေ!!!! ချိုလိုက်တာ!!!!! ဧရာမသကြားလုံးကြီး!!!!! ]

[ စီအီးအိုကျန်းအပြုံးလေးက နူးညံ့လိုက်တာ!!!! ချိုလွန်းတယ်!!!!! ]

[ Couple Suitဝတ်တယ် ရင်ထိုးပြင်ပေးတယ် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးပြုံးပြတယ် ငါသေသွားပြီ ငါ့ကိုဘယ်သူမှမကယ်နဲ့တော့! ]

[ အမလေး တကယ့်coupleအစစ်ကိုကြည့်နေရသလိုပဲ ဒီလောက်ချိုနေတာ ရီးရဲလ်ဟုတ်လောက်တယ်မလားဟေ? ]

သိပ်မကြာခင် Marketing Accတစ်ခုကျေးဇူးကြောင့် ထိုVideoက Weiboပေါ်ပြန့်သွားလေသည်။ ယန့်မိုက်တို့ ထို Videoကို ကြည့်ကာ ငိုချင်သော်ငြား မျက်ရည်ကထွက်မလာပေ။ အစကတော့ Couple Suitဆင်တူနဲ့ ဓာတ်ပုံတွေပဲတက်လာသေးတယ်၊ အခုတော့ ရင်ထိုးပြင်ပေးတဲ့ Videoပါတက်လာပြီ! ဒါ သူတို့ကောကောကိုဖြဲဖို့ ရှောင်ဖန်ဇီကျဲကျဲတွေအတွက် သက်သေတွေလုံလောက်နေပြီမလား ဝူးဝူးဝူး

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now