Chapter 10

33.7K 4.1K 226
                                    

Unicode

လက်ထပ်မှတ်ပုံတင် တင်ပြီး လက်ထပ်လိုက်ကြပြီ
__________________________________

''တစ်ခုပဲ ''
ယန်ချင်းချီက သူ့အား တည်ငြိမ်အေးဆေးစွာကြည့်ပြီး ပြောလာသည်။

''ကျွန်တော်တို့လက်ထပ်ဖို့ဆုံးဖြတ်လိုက်ပြီဆိုမှတော့ လက်မထပ်ခင်က ကိစ္စတွေအားလုံးကို ဒီမှာပဲ အဆုံးသတ်လိုက်သင့်တယ် ခင်ဗျားပဲဖြစ်ဖြစ် ကျွန်တော်ပဲဖြစ်ဖြစ် အတိတ်တုန်းက ဘယ်သူ့ကိုပဲကြိုက်ခဲ့ကြိုက်ခဲ့ ဘယ်သူနဲ့ပဲတွဲခဲ့တွဲခဲ့ အခု လက်ထပ်ဖို့ဆုံးဖြတ်လိုက်ပြီဆိုမှတော့ အကုန်လုံးကိုနိဂုံးချုပ်လိုက်သင့်တယ်လို့ထင်တယ် ဒီလက်ထပ်ပွဲက ကျွန်တော်တို့နှစ်ယောက်နဲ့ပဲသက်ဆိုင်တာမဟုတ်ပဲ ယန်အိမ်ရော၊ ကျန်းအိမ်ရော၊ ချီချီနဲ့ပါသက်ဆိုင်နေတယ် ဒါကြောင့် ဘာပြဿနာမှမရှိသရွေ့ ကွာရှင်းမှာလည်းမဟုတ်သလို ကွာရှင်းဖို့လည်းမတိုက်တွန်းဘူး ဒါပေမဲ့ ''

ယန်ချင်းချီ အခိုင်အမာဆိုကာ ထပ်ကြေငြာသည်။

''တကယ်လို့ လက်ထပ်ပြီးမှ ခင်ဗျားက တယောက်ယောက်နဲ့ကြိုက်နေတယ် ဒါမှမဟုတ် တွဲနေတယ်ဆိုရင်တော့ အဲ့လူက ခင်ဗျားအရင်ကသိခဲ့တဲ့လူ ဟုတ်ဟုတ်မဟုတ်ဟုတ် ကျွန်တော်ဂရုမစိုက်ဘူး ကျွန်တော် ခင်ဗျားနဲ့ အတူတူနေနိုင်တော့မှာမဟုတ်ဘူး အဲ့အချိန်ရောက်ရင်တော့ ငြိမ်းငြိမ်းချမ်းချမ်း ကွာရှင်းကြမယ်လို့ပဲ မျှော်လင့်ပါတယ် ''

''တစ်စုံတစ်ယောက်ကို သဘောကျသွားမယ် ဒါမှမဟုတ်ရင် အရင်ကrelationshipတွေကို ပြန်ဆက်မယ် အဲ့ဒါက မင်းလည်းဖြစ်နိုင်တယ်လို့ ဘာလို့မထင်ရတာလဲ '' ကျန်းမော့ချန်ကထောက်ပြသည်။

အရင် relationship တွေဆိုသည့်စကားအား ယန်ချင်းချီကြားလိုက်ရသည့်အခါမှာတော့ သူမျှော်လင့်ထားတဲ့အတိုင်းပင် ကျန်းမော့ချန်က သူ့အကြောင်းတွေကို စုံစမ်းထားသည်ဆိုတာ သိလိုက်ရသည်။
မူလပိုင်ရှင်က လီရှင်းရန်နှင့်တွဲခဲ့မှန်း သိနေလောက်သည်။ ထို့ကြောင့် သူခဏလောက်ဆက်မပြောတော့ပဲ ငြိမ်နေပြီးမှထပ်ပြောလာပြန်သည်။

''ခင်ဗျားကိုခင်ဗျား လုံလုံလောက်လောက် ဆွဲဆောင်မှုရှိတယ်လို့ ထင်လား ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now