Chapter 35.2

29.1K 4K 373
                                    

Unicode

ကျိစစ်ရှင်း သင်ခန်းစာ ပြန်ပေးခံရခြင်း
__________________________________

ယန်းချင်းချီ ရိုက်ကွင်းကိုပြန်ရောက်သောအခါ ကျိစစ်ရှင်းနှင့်ဆုနွမ်မှာ အတူသရုပ်ဆောင်နေကြသည်။ ဆုနွမ်က မရိုက်ခင်တစ်လျှောက်လုံး သူမပြောရမည့် ဒိုင်ယာလော့များကို ကြိုးကြိုးစားစား လေ့ကျင့်ထားပုံပေါ်သည်။ သရုပ်ဆောင်နေစဥ်တစ်လျှောက်လုံး အာခေါင်မာ နှာခေါင်းသံဖြင့် ထွက်ရသော စကားလုံးများကို မှားမပြောခဲ့ပါ။ သူမတွင် ခန္ဓာကိုယ်သေးသေးလေးနှင့် နူးညံ့ကြင်နာတတ်သည့်မျက်နှာထားရှိတာကြောင့် လျို့ကျားနီဇာတ်ကောင်နှင့် တော်တော်လေးကိုလိုက်ဖက်သည်။ သူမ၏မျက်ဝန်းထဲတွင်  အဆုံးအစမရှိသည့် အချစ်များအပြည့်နှင့် ကျိစစ်ရှင်းအား ကြည့်ကာ သရုပ်ဆောင်နေသည်။

သိပ်မကြာခင် ဆုနွမ်နှင့် ကျိစစ်ရှင်းတို့ ရိုက်လို့ပြီးသွားသည်။ ဒါရိုက်တာက ကျန်းမော့ချန် ပြန်ရောက်လာတာကို တွေ့လိုက်တာကြောင့် ဟော့ယွီနှင့် ကျိုးဖန် အခန်းကိုရိုက်ရန်ပြင်ဆင်တော့သည်။

ကျိုးမော့ချန်ရိုက်ရမည့် အလှည့်ဆိုတာသိလိုက်တော့ ယန်းချင်းချီ ခုံလေးတွင်ပြန်ထိုင်ကာ ကျန်းမော့ချန်နှင့် ကျိစစ်ရှင်းဘယ်လိုသရုပ်ဆောင်ကြမလဲ ကြည့်နေလိုက်သည်။

အဆုံးမှာတော့ မြင်လိုက်ရသည့် မြင်ကွင်းက ယန်းချင်းချီကို ရယ်မောစေသည်။

ဒါရိုက်တာဝမ်က ကင်မရာဖြင့် ရိုက်နေသည်များကို ဖန်သားပြင်ကနေတစ်ဆင့်ကြည့်နေရင်း ကျိစစ်ရှင်းတစ်ယောက် ကျန်းမော့ချန်ကို ကွယ်ထားသည်အားတွေ့လိုက်ရသောအခါ

''Cut! Cut! Cut! ကျိစစ်ရှင်း! မင်းရပ်နေတဲ့နေရာကို မင်းသေချာကြည့်စမ်း ဘေးကိုကပ် မင်းအနေအထားက ကျန်းမော့ချန်ကို ကွယ်နေတယ် ''

ကျိစစ်ရှင်းက ဘေးဘက်ကို ခပ်မြန်မြန်လေးရွှေ့လိုက်သည်။ သူ ကျန်းမော့ချန်ကိုလည်း တောင်းပန်စကားပြောရန် မမေ့။

''တောင်းပန်ပါတယ် ချန်ကော ကျွန်တော်မရည်ရွယ်ပါဘူး ''

''ရပါတယ် '' ကျန်းမော့ချန်က သဘောထားကြီးစွာ ပြန်ဖြေသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now