Chapter 89

28.1K 3.8K 315
                                    

Unicode

ခဏလောက်ခွဲရဦးမယ်၊ ထူးဆန်းတဲ့ ဖုန်း Call
________________________________

နောက်နေ့မနက်မှာတော့ ယန်းချင်းချီက အစောကြီးနိုးလာကာ နာရီလှမ်းကြည့်လိုက်တော့ မနက်၇နာရီသာရှိသေးသည်။ ၇နာရီဆို အလိုလိုနိုးနေတတ်သည့် သူ့ရဲ့ဇီဝနာရီက စာအုပ်ထဲကူးပြောင်းလာပေမဲ့လည်း အချိန်မှန်မှန်အလုပ်လုပ်နေဆဲဖြစ်သည်။ သူ ခေါင်းလှည့်ကြည့်လိုက်တော့ ကျန်းမော့ချန်က သူ့ဘေးနားမှာ နှစ်နှစ်ခြိုက်ခြိုက်လေး အိပ်ပျော်နေသည်။ သူ ချက်ချင်းမထသေးပဲ ဖုန်းကိုလှမ်းဆွဲကာ Weiboထဲဝင်မွှေနေလိုက်သည်။

မနေ့ညက ကျန်းမော့ချန်ရဲ့မန်နေဂျာ ဝူယွမ်ကနေ မွေးနေ့ဆုတောင်းပေးသူအားလုံးကို ခြုံပြီးကျေးဇူးတင်ထားသည့် Postတစ်ခုအား Weiboပေါ်မှာ ကျန်းမော့ချန်အစားတင်ပေးထားသည်။ ထို့အပြင် ယန်းချင်းချီ Postတစ်ခုထဲကသာ ကျန်းမော့ချန်တုံ့ပြန်မှုကိုရလိုက်တာကြောင့် ထိုအကြောင်းကလည်း Forumပေါ်မှာ လူအများဆွေးနွေးချင်စရာခေါင်းစဥ်တစ်ခု ဖြစ်နေပြန်သည်။ အားလုံးက ဘာလို့ ယန်းချင်းချီ Postကိုမှ ကွက်ပြီး Reblogပြန်လုပ်ထားတာလဲဟု အဖြေရှာနေကြစဥ် သိပ်မကြာခင် ရှောင်ဖန်ဇီတွေရောက်လာကာ သူတို့Commentတွေဖြင့် ထို Topicအား ဖုံးအုပ်ပစ်လိုက်လေသည်။ အဖြေကတော့ ရိုးရိုးရှင်းရှင်းပင်။ _____ ယန်းချင်းချီက ပထမဆုံးမွေးနေ့ဆုတောင်းပေးတဲ့လူမို့လို့။

အားလုံးကထိုအဖြေကိုသိပ်မကျေနပ်ကြသော်ငြား လက်ခံရုံမှလွဲပြီး ဘာမှလည်းမတတ်နိုင်ပေ။ ကွာစေ့ကိုက်ပြီးပွဲကြည့်နေကြတဲ့လူတွေကတော့ ဒီထက်ပိုသင့်တော်သည့်အဖြေကို ရှာမရတာကြောင့် ကြိတ်မနိုင်ခဲမရတွေဖြစ်နေသည်။ ဒါပေါ့ အဲ့လိုတွေးနေတဲ့အထဲမှာ ချန်ချီCP Fanတွေကတော့ ပါမနေခဲ့ဘူး။

သူတို့ကတော့ ထုံးစံအတိုင်း Group Chatထဲ အော်ဟစ်သောင်းကျန်းနေကြကာ ဒါက သူ့အချစ်လေးမို့လို့၊ ဒါကချစ်လွန်းလို့ တစ်ယောက်တည်းကွက်ပြီး Replyပြန်တာဟု အားရဝမ်းသာသည့်လေသံကြီးတွေဖြင့် ဆွေးနွေးနေကြသည်။

[ ''မင်းက ကိုယ့်ကို ပထမဆုံးမွေးနေ့ဆုတောင်းလုပ်ပေးတယ်၊ အဲ့တော့ကိုယ့်ဘက်ကလည်း မင်းတစ်ယောက်ထဲကိုပဲ Replyပြန်မယ်'' လိုမျိုး၊ ''မင်းနာမည်ပါတဲ့တံဆိပ်ပြားကို ပထမဦးဆုံးဆွဲဖြုတ်နိုင်တဲ့လူက ကိုယ်မို့လို့ ကိုယ်ကလည်း မင်းကို အချစ်တွေပုံအောပြီးပြန်ပေးမယ်'' လိုမျိုး အားးးးးးးး အားလုံးက အချစ်ကြောင့်! ချစ်လွန်းလို့ မျက်နှာတွေလိုက်နေတာ! ]

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now