Chapter 162

18.4K 2.8K 109
                                    

Unicode

ယန်းချင်းချီ ဖေ့ကျင့်ယွီကို ဉာဏ်အလင်းဖွင့်ပေးလိုက်တယ်
__________________________________

သူတို့အတွက်ကတော့ ကျန်းမော့ချန်ဆိုသည့်နေရာက တော်တော်ကိုအလှမ်းဝေးလွန်းသည်။ လှေကားဖြင့်လိုက်တက်လျှင်တောင်မှ ကျန်းမော့ချန်ရပ်နေသည့်နေရာကို တော်တော်နှင့်အရောက်လှမ်းနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ကျန်းမော့ချန်လိုကျော်ကြားဖို့ ကျန်းမော့ချန်ထက်နာမည်ကြီးအောင်လုပ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်သေးသောအရာများဖြစ်သည်။ ထို့ကြောင့် သူတို့ကျန်းမော့ချန်ကို ရွေးချယ်လို့မရပါ။ ကျန် ၁၁ယောက်ထဲမှာ ယန်းချင်းချီတစ်ယောက်ထဲသာ သူ့ထက်နာမည်ပိုကြီးသည်။ သို့သော် ယန်းချင်းချီ Debutချိန်က သိပ်မကြာသေးတာကြောင့် သူ့Fanတွေကလည်း Warတွေတိုက်စစ်ဆင်တဲ့နေရာမှာ အတွေ့အကြုံမရှိသေးပါ။ ထို့ကြောင့် Showထဲ ရန်ဖြစ်စကားများကြရင်း ပြိုင်ဘက်တွေဖြစ်လာရမည်ဆိုလျှင်တောင် သူ့ကိုလူပိုသိလာမှာဖြစ်တဲ့အတွက် ထိုသို့လုပ်ရခြင်းက ထိုက်တန်သည်။

သူ ယန်းချင်းချီကို သူ့ကိုယ်ပိုင်အစွမ်းအစနဲ့ ဖိနှိပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ အကယ်၍ ထိုအချိန်သာရောက်လာခဲ့လျှင် သတင်းခေါင်းစဥ်ကြီးနှင့် Weiboပေါ်၊ Forumတွေထဲရောက်သွားမှာကို မျှော်လင့်စောင့်စားနေမိသည်။

ထို့ကြောင့် ဂုဏ်မောက်နေသော ဖေ့ကျင့်ယွီတစ်ယောက် 《 အနုပညာရှင်၁၂ယောက်ထဲမှာ ဖေ့ကျင့်ယွီက သူ့ပန်းချီအစွမ်းအစဖြင့် ယန်းချင်းချီကို အနိုင်ပိုင်းပစ် 》ဆိုသည့် ခေါင်းစဥ်ကြီးထွက်လာမှာကိုကြိုတွေးရင်း ရလာမည့်အကျိုးအမြတ်တွေကို စိတ်ကူးယဥ်နေကာ သူ့ရှေ့က ယန်းချင်းချီအား မထီမဲ့မြင်လေသံဖြင့်ပြောလာသည်။

'' ဒါက ကျွမ်းကျင်အဆင့်တွေပဲ လျှောက်ရတဲ့လမ်းစဥ်လေ ယန်းကော ကျွန်တော်က အစ်ကို့လောက်နာမည်မကြီးနိုင်ပေမဲ့ ပန်းချီနယ်ပယ်မှာဆို ကျွန်တော်က အစ်ကို့ထက်ပိုပြီးဆရာကျတယ် ''

ယန်းချင်းချီ သူ့ကို ဒီလိုလေသံ၊ ဒီလိုမျက်နှာထားမျိုးဖြင့် ပြောဆိုလာသည့် တစ်စုံတစ်ယောက်နှင့် မကြုံရသည်မှာ တော်တော်လေးကိုကြာနေပြီဟု ခံစားလိုက်ရသည်။ နောက်ဆုံးတစ်ယောက်က ဘယ်သူများပါလိမ့်။ လျောင်စစ်ပေါ်? ယန်းချင်းချီ သက်ပြင်းမချပဲမနေနိုင်ခဲ့။ တစ်ယောက်ပြီးတစ်ယောက် တစ်စုံတစ်ခုလေးဖြစ်ဖြစ်မြောက်မြောက်တတ်သွားတာနဲ့ တလောကလုံးက သူတို့လောက်အဖြစ်မရှိတော့တဲ့လူတွေလို့များ တွေးထင်နေကြသလား။ စကားတွေကျွံအောင်ပြောပြီးသွားမှ ပါးဖြတ်ရိုက်ခံရမှာကို မကြောက်ကြဘူးလား မသိ။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now