အခန်း(၁၁၉၇)

1.1K 41 1
                                    

အခန်း(၁၁၉၇)

သူက ပေးချေမှု တောင်းဆိုဖို့ ရောက်လာတယ်။






Jin Zi မှာ Mu Linger ကို ယခင်ကကဲ့သို့ စူးစူးစိုက်စိုက် မကြည့်တော့ပဲ စူးစမ်းဟန်ဖြင့် ကြည့်ပြီးနောက် သူမအား လေကဲ့သို့ ဆက်ဆံခဲ့သည်။ Han Yunxi မှာ ဤအရာအားလုံးကို လျှို့ဝှက်မှတ်သားနေပြီး ပို၍ပင် အံ့သြသွားသည်။ "Ning Cheng ​က ရှင့်ကို ဘာ​တွေ​ အကြွေးတင်​နေတာလဲ။" သူမ အေးစက်စွာမေးလိုက်သည်။

" Ning  Cheng  က မြောက်ပိုင်းလီကနေ ထွက်သွားတော့ ယွင်နင်းနန်းတော်မှာ သူနဲ့ပူးပေါင်းရင် ကျွန်တော့်ရဲ့ ပုဂ္ဂလိကဘဏ်ကို ပြန်ပေးမယ်လို့ ကတိပေးထားတယ်။ အခု ကျွန်တော်က ဒီရောက်လာပေမယ့် သူက ထွက်ပြေးသွားပြီ။ မင်းသမီးက ပြောပြပါ… မင်းသမီးမဟုတ်ရင် ကျွန်တော့်ကို ပြန်ဆပ်ဖို့ ဘယ်သူကို ရှာရမှာလဲ။" Jin Zi မှာ တည်ငြိမ်စွာပြောလိုက်သည်။

Mu Linger မှာ Jin Zi မှ ပိုက်ဆံအတွက်သာ ရောက်လာကြောင်း ယူဆလိုက်သော်လည်း Long Feiye နှင့် Han Yunxi မှာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ Jin Zi ၏ စကားများနှင့် အပြုအမူများတွင် ပိုမိုလေးနက်သော အဓိပ္ပါယ်များ ပြည့်နှက်နေသည် ။ Han Yunxi မှ နားလည်ခဲ့ရာတွင် Ning Cheng မှာ Jin Zi အား ဆက်ရှိနေရန်နှင့် မဟူရာမျိုးနွယ်၏ အမွေခံအဖြစ် အဆုံးထိကစားရန် အဆက်မပြတ် နားချကာ ကြိုးစားခဲ့သည်။ သို့ရာတွင် Jin Zi မှာ မည်သည့်အချိန်ကမှ သဘောမတူခဲ့ပေ။ 

Ning Cheng မှာ မြောက်ပိုင်းလီမှ ယွင်နင်းသို့ ထွက်လာချိန်တွင် သူက အမိန့်နာခံပြီး ဆုများရယူရန် ရောက်ရှိလာသည်။ နင်မျိုးနွယ် တပ်များမှ မြောက်ပိုင်းလီကို သိမ်းပိုက်ပြီးနောက်၊ Long Feiye မှာ ထီးနန်းကို သိမ်းပိုက်ချိန်တွင် သူတို့ကို ဆုချီးမြှင့်ရန်မှာ သေချာပေါက်ပင်။ အကယ်၍ Jin Zi မှ လိုက်လာရန် သဘောတူခဲ့လျှင် ထိုအမျိုးသားမှာ Ning Cheng ၏ ဆွဲဆောင်မှုကို လက်ခံပြီး ဆုလာဘ်များကို လက်ခံလိုက်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ တစ်နည်းဆိုရသော်၊ Jin Zi မှ ယွင်နင်း သို့ ပြန်လာသောအချက်အရ သူက မြောက်ပိုင်းလီစစ်တပ်နှင့် ဆက်ရှိနေရန် သေချာနေပြီပင်။

ယခု Ning Cheng မှ ထွက်သွားပြီးနောက် Jin Zi မှာ နောက်မှ လိုက်သွားခြင်း မရှိပဲ မျက်နှာချင်းဆိုင်စကားပြောရန် သူတို့ကို ရှာလာသည်။ သူ၏ သဘောထားမှာ ထင်ရှားလှသည်။ နောက်ဆုံးတွင်၊ Long Feiye နှင့် Han Yunxi တို့မှာ မြောက်ပိုင်းရှိ Ning Cheng ၏ မြို့စောင့်စခန်းများ၏ အဓိပ္ပါယ်ကို နားလည်သွားကြသည်။ 

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now