အခန်း(၁၃၄၅)

100 15 1
                                    

အခန်း(၁၃၄၅)

မှီတွယ်ရမည့် တစ်စုံတစ်ယောက်။






Ning Cheng မှာ ၎င်းကို မြင်လိုက်ရသည်… အရာအားလုံးကို မြင်လိုက်ရသည်။

သူက မသိစိတ်ဖြင့် အဝေးသို့ လှမ်းကြည့်သော်လည်း Cheng'er မှာ သူ့ကို ပွေ့ဖက်ရန် ပြေးလာသည်။ သူက မလှုပ်ရှားပဲ ခေါင်းကိုသာ လှည့်လိုက်သည်။ ၎င်းမှာလည်း Cheng'er မှ သတ္တိရှိသမျှပင်။ သူမ သူ့ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်...။

အချိန်များ ကုန်လွန်လာကာ Ning Cheng မှာ မလှုပ်မယှက်ပေ။ ထိုကဲ့သို့ပင် Cheng'er မှာ တုန်ရင်ကာ အေးလာသည်အထိ တစ်နာရီကြာသွားသည်။ သို့သော် Ning Cheng မှာ မလှုပ်မရှားသေးပေ။ သူမကို ဘေးသို့ တွန်းထုတ်ခြင်း သို့မဟုတ် ပွေ့ဖက်ခြင်း မရှိပေ။ Cheng'er မှာ သူမက သူ့ကို ကိုယ်တိုင် လွှတ်ပေးပြီး ထွက်သွားစေချင်ကြောင်း စဥ်းစားလိုက်သည်။ နောက်ဆုံးတွင် သူမ၏ ထူထဲသော အသားအရည်သည်လည်း ရှက်ရွံ့မှုတစ်ခု ခံစားလာရသည်။

သူမ၏ မျက်လုံးနှင့် မျက်နှာမှာ နီရဲလာတော့သည်။
နောက်ဆုံးတော့ သူမတွင် မည်သို့သော ဆွဲဆောင်မှုမှ မရှိမှန်း သိလိုက်ရသည်။ ဤသို့သော အခြေအနေတွင်ပင် ထိုအမျိုးသားမှာ တည်ငြိမ် နေနိုင်သည်။ သူက သူမကို လုံးဝ မကြိုက်ခဲ့ဘူးလား!

ဖိအားပေးခံရလို့ နေခဲ့တာလား။

ဒါတွေအားလုံးက သူမရဲ့ စိတ်ကူးဆန္ဒတွေချည်းပဲလား။

သူမ သူ့ကို ဖြည်းညင်းစွာ လွှတ်ပေးလိုက်ပြီး Ning Cheng ၏ နွေးထွေးမှုမှ နောက်ပြန်ဆုတ်သွားလိုက်သည်။ ခေါင်းငုံ့ကာ သူမ၏အဝတ်အစားများကို ဂရုတစိုက် ဖြောင့်စင်းကာ လိပ်ပြာဖဲပြားကို ပြန်ချည်လိုက်သည်။

"တောင်းပန်ပါတယ်။ ကျွန်မ ရှင့်ကို အနှောင့်အယှက်ပေးမိပြီ။" သူမ သူ၏ မျက်နှာကို မကြည့်ဝံ့ပဲ တံခါးဆီသို့ တိတ်တဆိတ် လျှောက်သွားလိုက်သည်။ တစ်ကမ္ဘာလုံးက သူမကို မောင်းထုတ်ကာ ပစ်ပယ်ထား သကဲ့သို့ သူမ၏ သေးသေးသွယ်သွယ် ကျောလေးမှာ စိတ်ပျက်လက်ပျက် ဖြစ်နေသည်။ သို့ရာတွင် သူမက ခြေလှမ်းစလှမ်းလိုက်ချိန်တွင်ပင်  Ning Cheng မှာ သူမကို ဆွဲခေါ်ကာ ခါးတွင် လက်တစ်ဖက်ဖြင့် မင်းသမီးလေးကဲ့သို့ ချီလိုက်သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now