အခန်း(၁၃၂၂)

99 16 0
                                    

အခန်း(၁၃၂၂)

ကြာရှည်မခံနိုင်….။







Gu Beiyue မှာ ခါတိုင်းကဲ့သို့ တိတ်ဆိတ်နေသော်လည်း Qin Min မှာမူ ဤတစ်ကြိမ်တွင် တိတ်ဆိတ်မနေပေ။ သူက ပြန်လာသည်ကိုမြင်လျှင် သူမ စိတ်ရှုပ်သွားသော်လည်း အရိပ်ကို အိပ်ရန် ချော့လိုက်ပြီးနောက် တစ်စုံတစ်ရာ မှားနေပြီမှန်း သတိပြုမိကာ သူ့ကို ချက်ချင်း ရှာခဲ့သည်။ သူမ သူ၏ ဆေးရည်စိမ်ခြင်းအတွက် သုံးနှစ်ကြာ ကြီးကြပ်ခဲ့သည်။ အကယ်၍ သူက တစ်ချိန်လုံး သူမကို ပြီးပြည့်စုံစွာ လှည့်ဖြားနေခဲ့သည်ဆိုလျှင် သူမ ဘာလုပ်ရမှန်း မသိနိုင်တော့ပေ။

"Gu Beiyue။" Qin Min မှာ အသံမြှင့်လိုက်သည်။
" ကျွန်မ နားမလည်ဘူး။ ကျွန်မ မေးခွန်းကို ဖြေလေ။"

တကယ်တော့ Gu Beiyue မှာ Qin Min ၏ ဆေးများကို သုံးနှစ်လုံး နာခံမှု ရှိစွာ သုံးခဲ့သည်။ သို့သော် နင်ကျိုးကို ရောက်ပြီးနောက် သူ၏ နေရာကို ဖုံးကွယ်ရန် ဆေးအကျန်များကို ယွင်နင်းထံ ပို့ပြီးမှ ပြန်ပို့ပေးစေသည်။ ထို့ကြောင့် သိမ်းငှက်များမှာ ၎င်းတို့၏ ဦးတည်ရာကို ရောက်ရန် နှစ်ရက်မှ သုံးရက်ခန့် အချိန်ယူရသည်။ သူက ယနေ့ညတွင် ရောက်လာရန် ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပေ။ အရိပ်မှ အလွန်အကဲဆတ်ရန် ပို၍ မမျှော်လင့်ခဲ့ပေ။ သူက ဖော်ထုတ်ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် စာပြသနာကို သတိပြုမိကာ ချက်ချင်းပင် နောင်တရသွားသည်။ ထိုနေရာ၌ ထိုင်ရင်း သူမ၏ အမေးကို မည်သို့ဖြေရမည်ကို တွေးတောရင်း သူမ ရောက်ရှိလာရန် စောင့်ဆိုင်းနေခဲ့သည်။

သို့ရာတွင် နောက်ဆုံးတွင်တော့ သူထံ ရွေးချယ်စရာ နှစ်ခုသာရှိနေသည်။ အမှန်အတိုင်း ပြောရန် သို့မဟုတ် ဆေးရည်စိမ်ခြင်း လုံးဝ မရှိကြောင်း ဝန်ခံကာ သူမနှင့် စကားများရန်ပင်။ သူ့တွင် တုံ့ဆိုင်းမှု မရှိသည့်တိုင် တစ်ခုကိုမှ မရွေးချယ်နိုင်သည့်အတွက် ကူကယ်ရာမဲ့ ဖြစ်နေရလေသည်။

"Gu Beiyue ရှင် ကျွန်မကိုလိမ်နေတာလား။" Qin Min ၏ အသံမှာ တုန်ရင်လာသည်။

သူတို့ကြားရှိ သုံးနှစ်တာ တစ်ခုတည်းသော အဆက်အသွယ်က သူ့အတွက် သူမ၏ တစ်ခုတည်းသော မျှော်လင့်ချက်လည်း ဖြစ်သည်။ သို့တိုင် အားလုံးက အလိမ်အညာများဖြင့် ဖြတ်သန်းခဲ့ခြင်းပင်။ သူက အရိပ်လေးကို တွေ့ရန် ပြန်လာမည်အားပင် မမျှော်လင့်ခဲ့ပေ။ သူ၏ ခန္ဓာကိုယ်ကို ဂရုစိုက်ရန်သာ လိုအပ်သည်။ သူ၏ ရောဂါမှာ အသေးအဖွဲကိစ္စမဟုတ်ပဲ ပြင်းထန်သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now