အခန်း(၁၃၃၃)

120 14 4
                                    

အခန်း(၁၃၃၃)

သူမကို ရှာ။





မွေးစားအဖေ….

၎င်းမှာ Le Zhang ကို ရယ်မောမိစေသည်။သူက မျက်လုံးများ စိုစွတ်လာသည်အထိ ရယ်မောပြီးရင်း ရယ်မောနေခဲ့သည်။ သူက Lele ကို သမီးအရင်းကဲ့သို့ ဆက်ဆံပြီး လျှို့ပေကုန်သွယ်ရေးလုပ်ငန်းစု ကိုသာမက အားချန်ကဲ့သို့ သားမက်ကောင်းတစ်ယောက်ပါ ပေးလိုခဲ့သည်။ သူမ သူ၏အသက်ကို လိုချင်နေလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

ခဏအကြာတွင် Le Zheng မှာ Ning Cheng ဘက်သို့လှည့်ကာ မေးလိုက်သည်။ “အားချန်၊  မင်းငါ့ကို ဘယ်အချိန် သစ္စာဖောက်ဖို့ ပြင်ထားလဲ။"

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း၊ သူက Lele နှင့် Ning Cheng တို့ကို နေရာချပေးခဲ့ပြီး Ning  Cheng ကို ပြောခဲ့သည်။ "ငါ့ကို သူဌေးလဲ့ မဟုတ်ပဲ မွေးစာသမီးလို မွေးစားအဖေလို့ ခေါ်ချေ။ အဲဒါက ယဥ်ကျေးလွန်းတယ်။ နောင်မှာ မင်းနဲ့ Lele က ကလေးရတဲ့အခါ ငါက လျှို့ပေကို မင်းနှစ်ယောက်လုံးဆီ အပ်ပြီး ကလေးတွေကို စောင့်ရှောက်ပေးမယ်။"

အားချန်မှာ လက်ထပ်ပေးခြင်းကို သဘောမတူခဲ့သော်လည်း သူ့ကို Lele ကဲ့သို့ ပြောင်းလဲ ခေါ်ခဲ့သည်မှာ ကြာပြီပင်။ ဤကိစ္စဖြင့် ပတ်သက်ပြီး သူ၏ ခံစားချက်များကို မမြင်နိုင်ခဲ့ပေ။ အဆုံးတွင် အားချန်ဖြင့် ယှဉ်လျှင် သူက Lele ကို ပိုယုံကြည်ခဲ့သည်။ သူ့ကို မဟုတ် သူမကို လျှို့ပေကုန်သွယ်ရေးလုပ်ငန်းစုအား ပေးချင်ခဲ့သည်။  သူက Lele မှ Ning Cheng ကို ထိန်းသိမ်းထားကာ စောင့်ကြည့်နိုင်ရန်နှင့် ကူညီရန်အတွက် အိမ်ထောင်ရေးကို အကြောင်းပြချက်အဖြစ်သာ အသုံးပြုခဲ့သည်။ အားချန်၏ လုပ်ငန်းကျွမ်းကျင်မှုမှာ Lele ထက် များစွာသာလွန်နေခဲ့သည်။

သို့ရာတွင် ယနေ့ည၌ ဖြစ်ပျက်ခဲ့သမျှ သူ့အား အိပ်ရာက လန့်နိုးလာစေသည့် မြင်ကွင်းမှာ သူ့ကို စိတ်ပျက်လက်ပျက် ဖြစ်သွားစေခဲ့သည်။

Le Zheng ၏မေးခွန်းကို ရင်ဆိုင်ရလျှင် Ning Cheng မှာ သက်ရောက်မှု မရှိပေ။ သူက ပြောလိုက်သည်။ “ မွေးစားအဖေ တကယ်လို့ ကျွန်တော့်မှာ သစ္စာဖောက်ဖို့ နှလုံးသားရှိရင် သေသွားပြီးသားဖြစ်လိမ့်မယ်။” ၎င်းမှာ အမှန်တရားဖြစ်သော်လည်း Le Zheng မှာ မယုံနိုင်ပေ။ Ning Cheng မှာ ထပ်ပြောလိုက်သည်။ " လျှို့ပေက ကျွန်တော်အပိုင် ဖြစ်လာတာ ကြာလောက်ပြီ။"

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now