အခန်း(၁၂၅၃)

127 23 0
                                    

အခန်း(၁၂၅၃)

ချက်ပြုတ်ခြင်း။






Long Feiye နှင့် Han  Yunxi တို့မှာ ရူအာမှ မိခင်၏ပေါင်ပေါ်၌ အိပ်ပျော်သွားချိန်တွင်ပင် အိပ်ဆောင်သို့ ပြန်မရောက်သေးပေ။ Han Yunxi မှာ သူ၏ မိခင်ကို ဖျက်ဆီးခဲ့သော ဤကောင်ငယ်လေးအတွက် နူးညံ့သိမ်မွေ့သောခံစားချက် ရှိမနေပေ။ သူမက ဤဘဝတွင် သို့မဟုတ် နောက်ဆုံး၌ အလောင်းအစားတစ်ခုကို ဘယ်အချိန်က ရှုံးခဲ့ဖူးသည်လဲ။ အဆုံးတွင်တော့ သူမခင်ပွန်းကို အရှုံးပေးရကာ သူမ၏ ကိုယ်ပိုင် မှတ်တမ်းကို ဖျက်ဆီးခဲ့သူမှာ သူမ၏သား ဖြစ်နေသည်။

ယင်းကို ကြိုတင်သတ်မှတ်ထားသော ကံကြမ္မာအဖြစ် သတ်မှတ်နိုင်လေသလား။

ရူအာအား လှဲပေးပြီးနောက်၊ Han Yunxi မှာ အကြောဆန့်ကာ အဝတ်အစား လဲရန် ပြင်လိုက်စဥ် Long Feiye မှာ သူမကို ဆွဲခေါ်ပြီး ပေါင်ပေါ်တွင် ထိုင်ခိုင်းလိုက်သည်။ 

"ပင်ပန်းနေပြီလား။" သူက မေးလိုက်သည်။

“မပင်ပန်းပါဘူး။ ဒီညက တော်တော်စိတ်လှုပ်ရှားစရာကောင်းတယ်။ ကျွန်မတို့က စာအိတ်အနီကိစ္စကလွဲလို့ ကိစ္စအားလုံး ဖြေရှင်းပြီးသွားပြီ။” Han Yunxi မှာ Long Fieye ၏လက်ကို ဆွဲယူကာ ခေါင်းကို ငုံ့ထားရင်း ရှည်လျားသွယ်လျပြီး ဆွဲဆောင်မှုရှိသော သူ၏ လက်ချောင်းများဖြင့် ကစားနေသည်။ သူမ ကျောက်မားမားထံ စတေးခံများကို တူးထုတ်ရန် အကောင်းဆုံး ပြင်ဆင်မှုများ ပြုလုပ်ခွင့် ပေးခဲ့သည်။ သို့သော် Baili  Lixiang ၏ အပြုအမူကြောင့် သခင်မများမှာ မည်သည့်အရာကိုမဆို ကြိုးစားရန် အလွန်ထိတ်လန့်သွားပုံရသည်။ သို့သော် Mu Linger မှ သူမ၏ စာအိတ်နီကို လှူဒါန်းလာရန် မမျှော်လင့်ခဲ့ပေ။ Mu Linger မှာ စာအိတ်နီအလွတ်အရှုပ်တော်ပုံနှင့် ပတ်သက်၍ မသိသောကြောင့် ကျောက်မားမားမှာ  သူမအား ထိုကိစ္စများကို ပြောဆို လုပ်ဆောင်ရန် သင်ပေးခဲ့သည်ဟု Han  Yunxi မှာ သံသယရှိနေသည်။

လိမ္မာပါးနပ်သော နန်းတော်မှ လက်ဟောင်း အထိန်းကြီးတစ်ယောက်အနေဖြင့် ကျောက်မားမားမှာ ထိုအထက်တန်းလွှာ သခင်မများနှင့် ဆက်ဆံရန် အသင့်တော်ဆုံးပင်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now