အခန်း(၁၂၉၈)

112 19 2
                                    

အခန်း(၁၂၉၈)

ဘာကြောင့်လဲ။






Jin Zi  ၏မေးခွန်းကို ရင်ဆိုင်ရလျှင် Mu Linger မှာ လှည့်လာကာ သူ၏ ဘဝတစ်လျှောက်လုံး ဘယ်တော့မှ မေ့နိုင်မည် မဟုတ်သည့် အဖြေတစ်ခု ပေးလာလေသည်။

"Jin Zi၊ ရှင်က အဲဒီမိန်းမဆီမှာ အဓမ္မကျင့်ခံရလုနီးပါးဖြစ်နေတာ… ကျွန်မ စဥ်းစားကြည့်ပြီး အရင်က ရှင် ကျွန်မကို ကယ်ခဲ့တာဆိုတော့ ရှင့်ကိုလည်း တစ်ခြားသူတွေက ဖျက်ဆီးခွင့်မပေးနိုင်ဘူး။"

Jin Zi မှာ အံသြသွားပြီး ဘာပြောရမှန်းမသိတော့ပေ။

Mu Linger မှာ အရူးမဟုတ်ပေ။ သူမက Jin Zi ၏သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက် သူက အပြင်းဖျားနေမှန်း သိလိုက်သည်။ ထို့အပြင် သူမ မရှိတော့သည့် အချိန်တိုလေးအတွင်း သူက အမျိုးသမီးတစ်ဦးကို ဖြားယောင်းရန် မဖြစ်နိုင်ပေ။ ထိုမိန်းကလေးမှသာ သူ၏ ရင်ခွင်တွင်းသို့ ကိုယ်တိုင် ဝင်လာခဲ့ခြင်းမှာ ထင်ရှားနေသည်။ တဲတွင်းမှ ပြေးထွက်လာပြီးနောက် အပြင်ဘက်တွင် ရပ်ကာ သူမ၏ အတွေးများကို အလျင်အမြန် ချိန်ညှိလိုက်သည်။ သူမ နောက်ပြန်လှည့်လာရန် စိတ်ကူးလိုက်သော်လည်း ကျားများ ချဉ်းကပ်လာသည်ကို မြင်လိုက်ရပြီး Jin Zi မှ အဆင်ပြေမည်ကို သိလိုက်သည်။ ထို့ကြောင့် သူမ ဆေးပန်းကန်အသစ်တစ်လုံးကို ကျိုရန်အချိန်ကို ဆုပ်ကိုင်လိုက်သည်။

Jin Zi ကဲ့သို့ဖျားနာသူတစ်ယောက်အတွက် ဆေးဝါးမှာ အရေးကြီးဆုံးပင်။

သူမ ပြန်ရောက်လာချိန်တွင် မြေပြင်၌ သွေးကွက်နှင့် အရိုးများသာ  တွေ့လိုက်ရသည်။  သဘာဝအားဖြင့် သူမက ကြောက်တတ်သူလေး ဖြစ်နေသော်လည်း ထိုမြင်ကွင်းက သူမကို ကြောက်ရွံ့စေခြင်း မရှိသကဲ့သို့ ရက်စက်သည်ဟုလည်း မမြင်ခဲ့ပေ။ တကယ်တော့ သူမ၏ နှလုံးသားတွင်း၌ ကျေနပ်မှု အရိပ်အယောင်လေးတောင် ရှိလာသည်။  သူမက အတော်လေး ဆိုးရွားလာသည်ဟုပင် ကိုယ့်ကိုကိုယ် သီးသန့်တွေးမိလေသည်။

Jin Zi မှာ ကိစ္စများစွာ ပြောပြချင်နေသော်လည်း Mu Linger ၏ အဖြေကြောင့် ဘယ်လိုပြောရမှန်းတောင် မသေချာတော့ပေ။ သူက ရှက်ရွံ့ကာ စိတ်အနှောင့်အယှက် ဖြစ်မှုသာ ခံစားလိုက်ရသော်လည်း အကူအညီမဲ့ ဖြစ်နေပြန်သည်။ နောက်ဆုံးတွင်၊ သူ၏ အတွေးနှင့် စကားလုံးများအားလုံးမှာ စာလုံး နှစ်လုံးအဖြစ် သိပ်သည်းသွားလေသည်။ "ဒီကိုလာဦး။"

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now