အခန်း(၁၂၂၉)

155 25 2
                                    

အခန်း(၁၂၂၉)

ကိုယ်မင်းကို ရွေးတယ်။







Long Feiye မှာ Han Yunxi သို့မဟုတ် လက်ဖက်ရည်ခွက်ကို ရည်ညွှန်းနေသည်လား။ အကယ်၍ သူက လူဟုပြောလျှင် ခွက်မှာ မြေပြင်ပေါ်ကျသွားလိမ့်မည်။ အကယ်၍ သူက ခွက်ဟုပြောလျှင် Han  Yunxi ၏ လက်မှာ ခွက်ကို လွှင့်ပစ်လိုက်လိမ့်သည်။ Han Yunxi  မှာ စိတ်အခြေအနေကောင်းနေပြီး စနောက်နေသော်လည်း Long Feiye မှာ ဒေါသကိုရှောင်ရန် လုံလုံလောက်လောက် တည်ငြိမ်နေဆဲပင်။

"မင်းတို့နှစ်ယောက်လုံး မလှုပ်နဲ့။" သူက အော်လိုက်လေသည်။

Han Yunxi မှာ ထိုအမျိုးသားဖြင့် စကားပြိုင် ပြောဖြစ်ရန် မဖြစ်နိုင်ကြောင်း သိထားသောကြောင့် ပို၍ ရယ်မောလာကာ ပြောလိုက်သည်။ “Long Feiye ၊ ကျွန်မက လှုပ်ဖို့ ခေါင်းမာနေရင် ဘာဖြစ်မလဲ။”

သူ၏ နာမည်ရင်းမှာ ယခုအချိန်တွင် Xuanyuan Ye ဟု လူသိများသော်လည်း Han Yunxi မှာ သူ့ကို Long Feiye ဟု ခေါ်ရခြင်းအား သဘောကျနေဆဲပင်။ သူမနှင့် Gu Qishao တို့မှာသာ တိမ်တိုက်ကုန်းမြေကြီးတွင် သူ့ကို ထိုကဲ့သို့ ခေါ်ဝံ့သော ဝိဥာဥ်များ ဖြစ်နိုင်သည်။ 

Xuanyuan Ye မှာ ဘုန်းအသရေ၊ တန်ခိုးနှင့် နှောင်ကြိုးများဖြင့် ပြည့်နေသော မြင့်မြတ်သော ဧကရာဇ်မင်းဖြစ်သော်လည်း၊ သူတို့၏ နှလုံးသားထဲတွင် Long Feiye မှာ အတိတ်ကကဲ့သို့ ဖြစ်နေဆဲပင်။ 

Long Feiye မှာ ပြန်မဖြေသောကြောင့် Han Yunxi မှာ ပြုံးပြီး ပြောလိုက်သည်။  "ပြောလေ… ကျွန်မ လှုပ်ရမလား ဒါမှမဟုတ် ခွက်လား။"

သူမ ရုတ်တရက် လက်ချောင်းများကိုဖွင့်ကာ ခွက်ကို လျှပ်တစ်ပြက်တွင် ပစ်ချလိုက်သည် ။ သို့သော် လက်တစ်ဖက်ဖြင့် လျင်မြန်စွာ ပြန်ဖမ်းလိုက်သည်။ Long Feiye မှာ လက်နှစ်ဖက်ကို ပိုက်ကာ နံရံကို မှီရင်း နှုတ်ခမ်းများတွင် ပြုံးနေသည်။ သူက Han Yunxi ၏ အမူအရာများကို စမ်းစစ်ကြည့်နေပြီး သူမအတွက် ပျော်ရွှင်စရာရှာနေသည်အား စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။ 

Han Yunxi မှာ ခွက်ကို ထပ်မံ ပစ်ချလိုက်သော်လည်း ယခုတစ်ကြိမ်တွင် ၎င်းကို ခြေချောင်းထိပ်များဖြင့် ဖမ်းလိုက်သည်။ ၎င်းမှာ Long Feiye ၏ အကြိုက်ဆုံး ခွက်ပင်။ သို့ရာတွင် သူက ဒေါသမထွက်ပဲ ပြုံးပြလိုက်သည်။ Han Yunxi မှာ Long Feiye ကို လက်ဖြင့် ဆွဲယူရန် စောင့်ဆိုင်းနေသော်လည်း သူမ၏ ပျံသန်းမှုများကို သဘောတကျ ဖြစ်နေမည်သူဟု ဘယ်သူက မျှော်လင့်ထားမည်လဲ။ 

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now