အခန်း(၁၂၈၇)

117 20 0
                                    

အခန်း(၁၂၈၇)

ထွက်ခွာခြင်း။





Mu Linger မှာ ခေါင်းမာလှသည်။ Han Yunxi  မှ မည်သို့ပင် ဖျောင်းဖျနားချရန် ကြိုးစားပါစေ သူမက သူတို့နှင့်အတူ ယွင်နင်း သို့ ပြန်လာကာ ကျောက်မားမား  ထံမှ အချက်အပြုတ်နည်းနာများ သင်ယူကာ Han  Yunxi  ကို ပြုစုစောင့်ရှောက်နိုင်စေရန် ခေါင်းမာနေသည်။ သူမ၏ အကြွေးများနှင့် နှင်းတောင်များတွင် ဆေးပင်စိုက်ပျိုးရန် သွားရောက်မည့် အစီအစဉ်များကြောင်း အားလုံးကို အမှန်တကယ်ပင် လုံးဝ  မေ့နေလေသည်။

Han Yunxi မှာ Mu Linger ၏အကြွေးများကိုခေါ်ဆိုရန်နှင့် သူမ၏ရွှေကတ်ကိုတားမြစ်ရန်အတွက် မန်နေဂျာလော့ ကို သီးသန့်ဆက်သွယ်ရန်အပြင် ရွေးချယ်စရာမရှိတော့ပေ။ ထိုမှသာလျှင် Mu Linger မှာ အရှုံးပေးပြီး Jin Zi မှ ပြန်လာမည်ကို စောင့်ဆိုင်းရန် တန်းလျားများနောက်တွင် နာခံစွာကျန် ခဲ့လေသည်။ မထွက်ခွာမီ Han  Yunxi  မှာ Mu Linger  ကို အကြံဉာဏ်တစ်ခု ပေးခဲ့လိုက်သည်။

"လင်းအာ မင်းအသက်မငယ်တော့ဘူး။ ကိုယ့်အတွက်ကိုပဲ အသက်ရှင်ဖို့အချိန်ရောက်ပြီ။"

ပြောပြီးနောက် ထွက်လာခဲ့လိုက်သည်။ Mu Linger မှာ မြောက်ဘက်လေပြင်းများကြားတွင် အချိန်အတော်ကြာအောင် တောင့်တင်းကာ ရပ်နေခဲ့သည်။ သူမ ငယ်စဉ်အခါက မိဘများ၏အမိန့်နှင့် မူမျိုးနွယ် ၏ဂုဏ်အသရေအတွက် နေထိုင်ခဲ့သည်။ ချီကိုကို ကို  လိုက်ဖမ်းနေသည့် နှစ်များတွင်  သူ့အတွက် တစ်ကမ္ဘာလုံးကို ပြေးလွှားနေခဲ့သည်။ မကြာသေးမီနှစ်များအတွင်း သူမ ဆေးဝါးမြိုတော်တွင် အလုပ်များနေခဲ့ပြီး သူမ၏သူငယ်ချင်းအဖွဲ့များမှ လိုအပ်လာလျှင် ကူညီပေးရန် အမြဲတစေ ပထမဆုံးဖြစ်ခဲ့သည်။

ကိုယ့်အတွက်ကိုပဲ အသက်ရှင်ရမှာလား…..

၎င်းကို သူမ တစ်ကြိမ်ပင် မစဉ်းစားဖူးခဲ့ပေ။ ယခု Han  Yunxi  မှာ ထုတ်ပြောလာလျှင် သူမ အနည်းငယ် စိတ်ရှုပ်လာတော့သည်။ သို့သော် အကြောင်းတစ်ခုခုကြောင့် သူမ၏ နှလုံးသားတွင်းမှ တစ်နေရာမှာ နာကျင်ကိုက်ခဲနေပုံရသော်လည်း အဆင်မပြေပဲ ပိတ်ဆို့နေပုံပင်။ ခဏအကြာတွင် တဲသို့ ပြန်သွားကာ အထဲသို့ ပြန်ဝင်ရန် ပြင်လိုက်စဥ် တစ်စုံတစ်ယောက်က အနောက်မှ အော်ဟစ်လိုက်လေသည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now