အခန်း(၁၂၂၆)

184 25 4
                                    

အခန်း(၁၂၂၆)

အနိုင် သို့မဟုတ် အရှုံး။






Tang Li နှင့် Gu Qishao မှာ လမ်း၏တစ်ဖက်တည်းတွင် ဘယ်လို လျှောက်သွားနိုင်သည်လဲ။ Long Feiye မှာ သားဖြစ်သူကို စိုက်ကြည့်ရင်း အခြားသူများအားလုံးကို လျစ်လျူရှုထားလိုက်သည်။ ကံမကောင်းစွာဖြင့် သူ၏ အဖိုးတန်ကလေးမှာ အခန်းထဲဝင်လာကတည်းက သူ့ကို တစ်ချက်ပင် မကြည့်ခဲ့ပေ။Han Yunxi မှာ နောက်ဆုံးတွင် ညစာ စားပွဲမှ အခြေအနေမှာ မူမမှန်ဖြစ်နေသည် ရိပ်မိပြီး တိတ်ဆိတ်စွာသာ စားနေရန် ခေါင်းငုံ့ထားလိုက်သည်။Gu Qishao မှာ ရူအာလေးကို စိတ်အားထက်သန်စွာ ထမင်းခွံ့ရင်း ပွေ့ဖက်ထားသည်။ ထိုအချိန်တွင် Tang Li  မှာ သမီးနှင့် Ning Jing တို့ကို ဂရုစိုက်ပေးနေသည်။ Ning Jing ၏ ပန်းကန်ထဲသို့ အသီးအရွက်အချို့ကို ထည့်ပေးကာ ထပ်ပြောလိုက်သည်။ “Ning Jing၊ မိသားစုနဲ့ စားသောက်တဲ့အခါ စည်းမျဥ်းမရှိဘူးလို့ အစ်ကိုကြီးပြောခဲ့တယ်။ သူ့ကို ဒီလောက် သတိထားနေဖို့ မလိုဘူး။”

Han Yunxi နှင့် ရင်ဆိုင်ရချိန်တွင် Ning Jing မှာ သက်တောင့်သက်သာနေရန် ပြသနာမရှိသော်လည်း Long Feiye ဖြင့် စားပွဲတစ်ခုတည်းတွင် စားရန် စိတ်လှုပ်ရှားနေခြင်း မရှိဟု ဆိုလျှင် လိမ်နေခြင်းပင်။Tang Li မှ သူမကို အသီးအရွက်ထည့်ပေးခြင်း မပြုလျှင် ယနေ့ည ထမင်းအပြင် ဘာမှမစားနိုင်ပဲ ချုပ်တည်းနေမိလိမ့်မည်။  Han  Yunxi အပြင်၊ Long Feiye ဖြင့် အတူစားသောက်ရန်  စိတ်အေးလက်အေးဖြင့် သက်တောင့်သက်သာ ရှိမည့် အခြားအမျိုးသမီးတစ်ယောက်မှ ထပ်မံ မရှိနိုင်ပေ။ Mu Linger ပင်လျှင် ရှိနေလျှင် သတိထားနေပေလိမ့်မည်။

မကြာခင် Tang Li မှာ Ning Jing ၏ ပန်းကန်လုံးတွင် ဟင်းသီးဟင်းရွက်များ ပြည့်နေသည်ကို တွေ့လိုက်ရလေသည်။ သူက မေးလိုက်တော့သည်။ "Ning Jing မင်းဘာလို့မစားတာလဲ။"

သူက ပြောရင်းဆိုရင်း ငါးတစ်ပိုင်းကို သူမ၏ ပါးစပ်တွင် တေ့ပေးလိုက်သည်။ “မြည်းကြည့်… ဒီငါးက အရသာရှိတယ်။”

ခဏအတွင်း Ning Jing ၏ မျက်နှာမှာ နီရဲသွားတော့သည်။ စားရမလား ငြင်းရမလား ကြားတွင် သူမ ဆုံးဖြတ်နိုင်တော့ပေ။ တောက်ပသော အပြုံးဖြင့် သူမ တွန်းလိုကိသည်။ “ Tang Tang ကို ပေးလိုက်..သူမ ငါးကြိုက်တယ်။”

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now