အခန်း(၁၂၁၂)

155 23 8
                                    

အခန်း(၁၂၁၂)

နက်နဲသိမ်မွေ့သော တွေးခေါ်မှု။







Tang Li မှာ သတိပြန်ဝင်လာခဲ့သော်လည်း သတိလွတ်နေစဥ် ဖြစ်ပျက်ခဲ့သမျှအားလုံးကို မေ့သွားခဲ့သည်။ Ning Jing မှ ချောက်ထဲသို့ ပြုတ်ကျသွားသည့်အချိန်တွင် သူ၏ မှတ်ဥာဏ်များ  ရပ်တန့်နေသည်။ ယခု သူမ၏ နာမည်ကို ရူးသွပ်စွာ ရေရွတ်နေခြင်း မဟုတ်သော်လည်း နာကျင်စွာ ခံစားနေရသည်။

Xiao Lan မှာ ယခုအချိန်တွင် Tang Li မှ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း သေချာသွားသော်လည်း သူ၏ လက်ရှိစိတ်အခြေအနေနှင့်ပတ်သက်၍ မသိခဲ့ပေ။ သူ့ကို စိုက်နေကြည့်ရင်း ဘာလုပ်ရမှန်း မသိတော့ပေ။ အခန်းတွင်း တိတ်ဆိတ်နေချိန်တွင် အပြင်ဘက်မှ အော်ဟစ် ငြင်းခုံသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ Tang Li နှင့် Xiao Lan တို့မှာ ထိုအသံကို သခင်မထန်အဖြစ် ချက်ချင်း  သတိပြုမိလိုက်ကြသည်။ Xiao Lan မှာ သူမကို ပတ်ထားသော စောင်များဖြင့် လျင်မြန်စွာထလာလျှင် Tang Li မှာ အေးစက်စွာပြောလိုက်သည်။ "မလှုပ်နဲ့..”

Xiao Lan မှာ သူ့ကို လျစ်လျူရှုလိုက်သည်။ ယခု  Tang  Li မှ သတိပြန်ဝင်လာကြောင့် သူမက မျိုးနွယ်ခေါင်းဆောင်နှင့် သခင်မကြီးကို ပြောပြရမည်။ သို့တိုင် သူမ တံခါးသို့ မရောက်ခင်တွင်ပင် ဓါးမြှောင်တစ်ချောင်းမှာ သူမ၏ နားရွက်ဘေးမှ အသံတိတ် ဖြတ်သွားလေသည်။

သူမ၏ နောက်တွင် Tang Li မှာ အေးစက်သော အသံဖြင့် ပြောလာသည်။ "Xiao Lan၊ မင်းရဲ့ အသံက ပိုမြန်မလား ဒါမှမဟုတ် ငါ့ရဲ့ ဓါးမြှောင်က လည်ချောင်းထဲ ဖောက်သွားတာ ပိုမြန်မလား မြင်ချင်လား။"

Xiao Lan မှာ အံ့ဩသွားပြီး Tang  Li ကို လှည့်ကြည့်လိုက်သည်။ သူ၏ အမူအရာမှာ လုံးဝကို အေးခဲနေသည် ။ ထိုခဏ၌ သူ့ကို သတိပြန်ဝင်လာကြောင်း လက်ခံရန်အပြင် သူမအတွက် အခြား မဖြစ်နိုင်တော့ပေ။

“ကျွန်မ၊ ကျွန်မ…” သူမ ရှင်းပြချင်သော်လည်း သူက ပါးစပ်ပိတ်ထားရန် အမူအရာ ပြလိုက်သည်။ Xiao Lan မှာ ချက်ချင်း ပါးစပ်ပိတ်လိုက်တော့သည်။ာTang Li ၏ဒေါသသည် စက္ကန့်မရွေး ပေါက်ကွဲတော့မည်ကို သူမ ပြောပြနိုင်သည်။ ယနေ့ အစီအစဉ်ကို သူမ များစွာ မပြောနိုင်သော်လည်း မျိုးနွယ်ခေါင်းဆောင်ဟောင်းထံ အပြစ် အားလုံးကို တွန်းထုတ်ရမည်။ မဟုတ်လျှင် Tang Li မှာ သူမကို အထင်အမြင်သေးသွားလိမ့်မည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now