အခန်း(၁၃၂၅)

128 20 0
                                    

အခန်း(၁၃၂၅)

ဆောင်းဦးလလယ်။




Qin Min  မှာ အလျင်အမြန် ပြန်၍ အရိုအသေပေးလိုက်သည်။ အိမ်ရှေ့စံ၏ အဆင့်အတန်းမှာ အပြစ်တင်စရာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူမ ဤငါးနှစ်သားလေးကို ရိုးရိုးသာမာန် ကလေးတစ်ယောက်ကဲ့သို့ မဆက်ဆံနိုင်ပေ။ လူများလွန်းခြင်း သို့မဟုတ် ရူအာမှာ ယခုတွင် ကြီးပြင်းလာခြင်း ဖြစ်နိုင်သော်လည်း ယခင်ကကဲ့သို့ Gu Beiyue အပေါ် တွယ်ကပ်နေခြင်း မပြုတော့ပေ။

သူက ပြောလိုက်သည်။ “ဆရာ၊ ခမည်းတော်နဲ့ မယ်တော်တို့က ဆရာ ပြန်လာမှာကို သိပါတယ်။ ဒီညနေမှာ နန်းတော်မှာ ဆရာ့အတွက် ဧည့်ခံပွဲ လုပ်ပေးလိမ့်မယ်။"

"ဒီဝန်ကြီးကိုယ်စား အရှင်မင်းမြတ်နဲ့ လေးစားရတဲ့ ဧကရီကို ကျေးဇူးအထူးတင်ပါတယ်။" Gu Beiyue မှာ လေးနက်စွာ ဖြေကြားလိုက်သည်။

ရူအာမှာ ခေတ္တရပ်လိုက်ပြီး ဘေးဘက်ရှိ အရိပ် ကို တစ်ချက်ကြည့်လိုက်သည်။ "ဆရာ၊ ဒီကလေးကို…. ခဏလောက် ငှားလို့ရမလား။"

အဲဒီကလေး….

သူက အရိပ် ထက် သိသိသာသာ ငယ်တယ် မဟုတ်လား။

သူဘာလိုချင်နေတာလဲ။

Qin  Min မှာ နောက်တစ်ကြိမ် တုန်လှုပ်သွားကာ အရိပ်မှာ အိမ်ရှေ့စံထံမှ သူ၏အကြောင်းကို ကြားလိုက်ရပုံတူကာ ရှုပ်ထွေးနေသော မျက်နှာဖြင့် ဆင်းသက်လာသည်။

" အရှင့်သားက အရိပ်ကို ဘာအတွက် လိုချင်တာလဲ။" Gu Beiyue မှ မေးလိုက်သည်။

" ကျွန်တော်နဲ့ လေ့ကျင့်ဖို့၊ သူက ပြေးပြီး ကျွန်တော်က လိုက်မယ်၊ ကျွန်တော်က ပြေးပြီး သူကလိုက်မယ်.. ဘာဖြစ်ဖြစ် အဆင်ပြေတယ်။" ရူအာမှာ လေးနက်နေသည်။

Qin Min ၏နှလုံးသားမှာ နောက်ဆုံးတွင် သူမ၏ရင်ဘတ်ထဲသို့ နေရာတကျ ပြန်ဖြစ်လာသည်။ တစ်ချိန်တည်းမှာပင် အိမ်ရှေ့စံ၏  အမူအရာများမှာ Gu Beiyue နှင့် အလွန်ရင်းနှီးကြောင်း သူမ သတိပြုမိလိုက်သည်။ သို့မဟုတ်လျှင် သူက စေ့စပ်ညှိနှိုင်းသည့်လေသံဖြင့် တောင်းဆိုမည်မဟုတ်ပေ။ Gu Beiyue မှာလည်း အိမ်ရှေ့စံကို လေးစားသည့်တိုင် ရင်းနှီးသည်။ သူက ကောင်လေးကို သခင်ငယ်လေးနှင့် ကလေးတစ်ယောက်ကဲ့သို့  ဆက်ဆံရမည်။ သူက အရိပ်ကို ဖိအားပေးခြင်း မပြုပဲ ညင်သာစွာ မေးလိုက်သည်။ "အရိပ်၊ မင်း အရှင့်သားကို လေ့ကျင့်ဖို့ အဖော်ပြုပေးချင်လား။" 

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now