အခန်း(၁၃၁၄)

97 19 0
                                    

အခန်း(၁၃၁၄)

ရှင်က ထွက်သွားသင့်ပြီ။






လူတိုင်း၏မျက်လုံးအောက်တွင် မြင်းလှည်းမှာ ဆေးပညာသင်တန်းကျောင်းဆီသို့ ဖြည်းညင်းစွာ ဦးတည်သွားသည်။ အတွင်းတွင်၊ Gu Beiyue မှာ ဘယ်ဘက်တွင်ထိုင်နေပြီး Qin Min မှာ ညာဘက်တွင်ထိုင်နေသည်။ နှစ်ယောက်သား မျက်နှာချင်းဆိုင်ကာ တိတ်ဆိတ်စွာ ခေါင်းငုံ့ထားကြသည်။

Gu Beiyue မှာ တိတ်တဆိတ် သက်ပြင်းချလိုက်သော်လည်း နောက်ဆုံးတွင် ပါးစပ်ကို ဖွင့်လိုက်သည်။ "အကြီးဆုံး သခင်မလေးချင်၊ ဒီကိစ္စတွေထဲ မင်းကို ဆွဲထည့်မိပြီ။"

"သင်တန်းကျောင်းရဲ့ သခင်မ တစ်ယောက်အနေနဲ့ ဒီလိုအခက်အခဲတွေကို ရင်ဆိုင်ရတာ သဘာဝကျပါတယ်။ အဲဒါက ကျွန်မကို ဆွဲထည့်လိုက်တယ်လို့ မယူဆပါဘူး။ ဒါကြောင့် သင်တန်းကျောင်းကျောင်းအုပ်က အပြစ်ရှိသလို ခံစားစရာမလိုပါဘူး။" Qin Min မှ ပြန်ပြောလိုက်သည်။

သူတို့အတွက်၊ “သင်တန်းကျောင်း သခင်မ” မှာ ခံစားချက်များ သို့မဟုတ် သူတို့၏ဆက်ဆံရေးနှင့် မသက်ဆိုင်သည့် အားကောင်းသည့် အခြေအနေ သင်္ကေတ တစ်ခုဖြစ်သည်။

"ကျေးဇူးတင်စရာကောင်းအောင် Shaoyao အမြန်ပြေးလာခဲ့တယ်။" Gu Beiyue မှာ ပြောလိုက်ပြန်သည်။

"အင်း။" Qin Min မှာ ခေါင်းညိတ်လိုက်သည်။ တစ်ဖန် သူတို့က တိတ်ဆိတ်သွားပြန်ပြီး Qin Min မှာ အဝေးရှိ ဆေးပညာသင်တန်းကျောင်းတံခါးဝတွင် စောင့်နေသော Shaoyao ကို တွေ့လိုက်ရသည်။ မြင်းလှည်းကိုတွေ့လိုက်သည်နှင့်  သူမက သူတို့ဆီသို့ လျင်မြန်စွာ ပြေးလာလျှင် မြင်းကို ထိတ်လန့်လုနီးပါး ဖြစ်သွားစေသည်။ အလန့်တကြားဖြင့် ခြေထောက်များ မြှောက်လိုက် သော်လည်း Lin Yue မှာ ၎င်းကို ထိန်းထားနိုင်ရန်အတွက် လုံလောက်စွာ အတွေ့အကြုံရှိသူပင်။

"သခင်မလေး၊ အဆင်ပြေရဲ့လား သခင်ကြီးကော ဘယ်လိုလဲ။ သူ ဘယ်မှာလဲ။" Shaoyao မှာ အလောတကြီးမေးလိုက်သည်။

Qin  Min  မှာ ပြတင်းပေါက်မှ အပြင်သို့ မကျေမနပ်ဖြင့် လှမ်းကြည့်လိုက်သည်။ "ဘာတွေရှုပ်နေတာလဲ၊ ငါ ပြန်လာပြီ မဟုတ်ဘူးလား။"

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now