အခန်း(၁၂၂၃)

152 23 2
                                    

အခန်း(၁၂၂၃)

ချို့ယွင်းချက်များကို ကာကွယ်ပေးခြင်း။







Long Feiye မှာ Han Yunxi နှင့် ကျန်လူများဆီသို့ လမ်းလျှေက်လာစဥ် Tang Tang ၏ ငိုကြွေးမှုကြောင့် မျက်ခုံးတွန့်သွားသည်။ "အစောက ဘာဖြစ်တာလဲ။" သူက အေးစက်စွာမေးလိုက်သည်။

ကလေးများငိုနေသည်ကို သူက သဘောမကျပေ… သူ၏ ကလေးမှာ ခြွင်းချက်ပင်။ ရူအာမှ အသက်ကြီးလာချိန်တွင် အဖေမှ သူ့ကို ချီလိုက်ချိန်အပြင် ဘယ်တော့မှ မငိုပေ။ ထိုအသံကို သူက ကြားရခဲ့သည်မှာ ကြာပြီပင်။ 

Long Feiye မှ အနားရောက်လာသည်နှင့် တပြိုင်နက် Tang Tang မှာ အဖေ၏ရင်ဘတ်တွင် မြှုပ်ထားလိုက်သည်။ သူမ၏ ငိုသံများပင် ပျော့ပြောင်းလာသည်။ သူမက အလွန်ကြောက်လန့်နေသော်လည်း မနေနိုင်ပဲ ဦးလေးကြီးအား ခိုးကြည့်မိပြန်သည်။ အသေအချာပင် သူမ တစ်ချက်သာ ကြည့်လိုက်ပြီးနောက် ပြန်၍ ပုန်းနေလိုက်သည် ။

"ကလေးတွေက ကစားနေကြတာ။ ရူအာက ထန်ထန်ကို တွန်းချပြီး သူ့ရဲ လက်ကိုင်ပုဝါကိုတောင် သူမရဲ့ ပါးစပ်ထဲ ထည့်ခဲ့တယ်။ သူမက အရမ်းဆူညံနေတာ သူက မကြိုက်ဘူး။” Han Yunxi ဖြင့် အပြုံးဖြင့် ရှင်းပြလိုက်သည်။ Tang Li မှာ လမ်းတွင် သူ၏သားကို ဆုံးမနေပြီပင်။

၎င်းကိုကြားလျှင် Long Feiye ၏ အေးစက်သောမျက်လုံးများတွင် သဘောကျနေသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သားဖြစ်သူကို ကြည့်ကာ လှောင်ပြောင်ဟန်ဆောင်နေသည်။ “ဒါဆို မင်းဘာလို့ ထွက်ပြေးတာလဲ။ မင်းမှာ တစ်စုံတစ်ယောက်ကို တွန်းချဖို့ လုံလောက်တဲ့ အရည်အချင်းရှိရင် ဘာလို့ အရိုက်ခံရမှာကို ကြောက်နေတာလဲ။"

Han  Yunxi နှင့် Ning  Jing တို့မှာ အဖေဖြစ်သူကို တိတ်တဆိတ် စိုက်ကြည့်နေသည့် သားဖြစ်သူကို Long  Feiye မှာ လှောင်ပြောင်နေမှန်း ပြောနိုင်သည်။

“ထန်ထန်က ဘယ်သူ့ကိုမှ မထိဘူး။ သူက ထက်မြက်တဲ့ ကလေးမလေးဖြစ်ပြီး ဆူညံပွက်လောရိုက်အောင် အော်ရင်း ရူအာ ရဲ့နောက်ကို လိုက်သွားတာ။” Han  Yunxi မှာ ပြုံးနေသည်။ 

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now