အခန်း(၁၂၀၃)

188 21 2
                                    

အခန်း(၁၂၀၃)

ချီကိုကိုက အရမ်းဆိုးတာဘဲ။






အကယ်၍ Mu Linger မှာ တစ်စုံတစ်ခုကို တိုက်ချလိုက်ပြီး ကောက်လိုက်မည်ဟု ပြောခဲ့မည်ဆိုလျှင် Han  Yunxi နှင့် Qin Min တို့မှာ ဘာဖြစ်နေသည်လဲ သိချင်နေကြလိမ့်မည်မဟုတ်ပေ။ သို့သော် သူမ၏ စကားထစ်ခြင်းမှာ ထင်ရှားသော ဖုံးကွယ်မှုတစ်ခု ဖြစ်နေတော့သည်။ Qin Min မှာ နောက်တစ်လှမ်း မလှမ်းလာဝံ့သော်လည်း Han  Yunxi  မှာ ရှေ့သို့ လျှောက်လာလျှင် Mu Linger မှာ သေတ္တာထဲမှ ပြုတ်ကျလာသော ပစ္စည်းကို အရူးအမူး စီထည့်နေသည်။

"Gu Qishao ရဲ့လက်ဆောင်လား။ ပြုတ်ကျသွားတာလား။" Han  Yunxi မှာ ငုံ့ကြည့်လိုက်လျှင် ချက်ချင်း အေးခဲသွားတော့သည်။ သူမ အလွန်ရင်းနှီးသော အရာတစ်ခုကို တွေ့လိုက်ရလေသည်။ Gu Qishao ၏ ဘရိုကိတ်သေတ္တာအတွင်း၌  ကျောက်မားမား၏ “အနက်ရောင်စာအုပ်လေး"  နှင့် တူညီသော  စာအုပ်တွဲများဖြင့် ပြည့်နေလေသည်။

မဟုတ်ဘူး၊ ဒါက ကျောက်မားမားရဲ့ စာအုပ်နဲ့ မတူဘူး။သူမရဲ့ အဖုံးတစ်ခုလုံးက အနက်ရောင်ဖြစ်ပေမယ့် Gu Qishao ရဲ့ အဖုံးက စိတ်ကူးကြည့်လို့တောင် မရဘူး။

ဒါက... တကယ်ကို လွန်လွန်းတယ်!

Han Yunxi ၏ အနက်ရောင်စာအုပ်လေးမှာ Long Feiye ၏လက်ထဲသို့ ကျရောက်သွားသည်မှာ ကြာပြီပင်။ သူမက တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လောက်သာ ဖတ်ဖူးသော်လည်း... သူမ၏ မှတ်ဥာဏ်တွင်း၌ အကြောင်းအရာများမှာ ထင်ဟပ်နေသည်။ သူမ၏ မျက်နှာမှာ နီမြန်းလာလျှင် နားရွက်ဖျားအထိ နီရဲနေသော Mu Linger မှာ ပြောစရာမလိုတော့ပေ။ သူမ စာအုပ်ကို သေတ္တာထဲသို့ အလျင်စလို ပြန်ထည့်လိုက်လေသည်။

"အဲဒါဘာပါလဲ။ လက်​​ဆောင်​တစ်​ခု ပြုတ်​ကျသွားတာလား။" Qin Min မှာ ကုတင်ပေါ်မှ ကျယ်လောင်စွာ မေးလိုက်သည်။

Han Yunxi နှင့် Mu Linger တို့မှာ ဘာပြောရမှန်းမသိ ဖြစ်နေတော့သည်။ Mu Linger မှ တစ်စုံတစ်ခု ခွဲမိသွားသည်ဟု ယူဆကာ Qin Min မှ ပြောလိုက်လေသည်။ “အဲ့တာက အဆင်ပြေပါတယ်။ ကျွန်မ… . နောက်မှ ပေယွဲ့ကို ဒီအကြောင်း … ပြောပြလိုက်မယ်။" သင်တန်းကျောင်း ကျောင်းအုပ်ပေယွဲ့အား အမည်ဖြင့် ခေါ်ရခြင်းမှာ သူမအတွက် အနေခက်နေဆဲပင်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now