အခန်း(၁၃၅၈)

93 16 1
                                    

အခန်း(၁၃၅၈)

ကွာဟမှု။







ရှေ့က အမျိုးသမီးကို မြင်လိုက်လျှင် Han Xiang မှာ သတိဖြင့် နေလိုက်သည်။ နောက်ဆုံးတော့၊ ဤကာလတွင် ပေါ်လာသည့် ဘယ်သူမဆို ရိုးရိုးရှင်းရှင်း မဖြစ်နိုင်ပေ။

"ငါ ရှင့်ကိုမမှတ်မိဘူး။ ရှင်ဘယ်သူလဲ။" Han Xiang မှာ မေးလိုက်သည်။

"ငါဘယ်သူလဲ။ အဲ့တာ အရေးမကြီးဘူး။" ၀တ်စုံဖြူ အမျိုးသမီးမှာ ရယ်မောလိုက်သည်။ "အရေးကြီးတာက Long Feiye နဲ့ Han Yunxi အကြောင်း ငါအကုန်သိတယ်။"

Han  Xiang မှာ အတွေးထဲသို့ ရောက်သွားတော့သည်။ “ရှင်၊ ရှင်…"

"ငါက ဟယ်မျိုးနွယ်ခေါင်းဆောင် တန်ဖိုးအထားဆုံး အမျိုးသမီးပဲ။" ဝတ်ရုံဖြူအမျိုးသမီးမှာ မျက်နှာဖုံးစွပ်ထားသော်လည်း ရယ်သောအခါတွင် သူမ၏မျက်နှာကို ဖုံးကွယ်ရန်လက်ကို မြှောက်ထားဆဲဖြစ်သောကြောင့် Han Xiang မှာ  ဟန်ဆောင်ကာ ဆက်မကြည့်နိုင်တော့ပေ။ သူမ စိတ်ရှုပ်ထွေးနေစဥ် အမျိုးသမီးမှ ဆက်ပြောလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက  ကောင်းကင်ယံတောင်ဓါးဂိုဏ်းကနေ ငါက နှင်ထုတ်ခံခဲ့ရတယ်။ ဟယ်မျိုးနွယ်ခေါင်းဆောင်က ကောင်းကင်ယံတောင်ကနေ ငါ့ကို ကယ်ခဲ့တဲ့အတွက် သူ့ရဲ့ ကြင်နာမှုကို ပြန်ပေးဆပ်ဖို့ ငါသိသမျှကို ပြောပြခဲ့တယ်။"

ကောင်းကင်ယံတောင်!

Han Xiang မှာ နောက်ဆုံးတွင် ထိုအမျိုးသမီး၏ အမည်ကို သိသွားခဲ့သည်။ သူမ အေးစက်စွာ အသက်ရှူလိုက်ရင်း ဟယ်မျိုးနွယ်မှာ ဤမျှလေးနက်စွာ ဖုံးကွယ်ရန် မည်သည့်အချိန်မှ မမျှော်လင့်ထားပေ။ သူတို့က တိမ်တိုက်ကုန်းမြေကြီးကို စောစီးစွာ မျက်စိကျနေခဲ့ကြသည် ။ ပို၍ပင် မယုံနိုင်စရာကောင်းသည်မှာ ဟယ်မျိုးနွယ်ခေါင်းဆောင်မှ Long Feiye နှင့် Han Yunxi တို့ကို စေ့စပ်စွာ သိသောလူတစ်ယောက်ကို ဖုံးကွယ်ထားခဲ့ခြင်းပင်။

အံ့သြစရာမရှိဘူး!

Han Yunxi ၏ လျှို့ဝှက် ဇာမဏီ စွမ်းအားကို ဟယ်မျိုးနွယ်ခေါင်းဆောင်မှ အားလုံးသိရှိခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ Han Yunxi ကို လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း သူမကိုယ်တိုင် စုံစမ်းစစ်ဆေးခဲ့သော်လည်း သူမ၏ သတင်းအချက်အလက်များမှာ အကန့်အသတ်ရှိနေခဲ့သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now