အခန်း(၁၃၆၃)

99 18 2
                                    

အခန်း(၁၃၆၃)

အမှန်နှင့် အမှား။






Long Feiye ၏ လက်ရှိကြောက်ရွံ့မှုမှာ Han Yunxi အတွက် အလွန်ရင်းနှီးလွန်းလှသည်။ သူမက ဟန်မျိုးနွယ် သမီး အစစ်အမှန် မဟုတ်ကြောင်းပြောခဲ့ချိန်တွင် သူက ကြောက်ရွံ့နေခဲ့သည် ။ ထိုကြောက်လန့်မှုအား နောက်ပိုင်းတွင် သူက ဘယ်လို ကိုင်တွယ်ခဲ့လဲ သူမ မသိခဲ့ပေ။ သူက ဘယ်တုန်းကမှ တည်ငြိမ်နေနိုင်ခဲ့ခြင်း မရှိသော်လည်း သူမ မမြင်နိုင်သည့် နှလုံးသား အနက်ရှိုင်းဆုံးတွင် မြုပ်နှံထားခဲ့ခြင်း ဖြစ်နိုင်သည်။ ယခုတော့ သူ၏ အသံ၊ အမူအရာ၊ မျက်လုံးများမှ ဖော်ပြနေပြီး ဖုံးကွယ်ထားရန်  မဖြစ်နိုင်တော့ပေ။

Han Yunxi မှာ သူ့ကို " ကျွန်မ မသိဘူး" ဟု အမှန်တကယ် ပြောပေးချင်သည်။

သို့ရာတွင် သူ၏ ကြောက်ရွံ့မှုမှာ ထိုနေရာမှ ဘယ်နေရာ ဖြစ်ကာ ဘာတွေဖြစ်နေလဲမှန်း ခန့်မှန်းနိုင်ကြောင်း သူမကို ပြောပြနေသည်။

"ယဲ့…​ ဒါ..." Han Yunxi မှာ နောက်ဆုံးတွင် ဆက်မပြောနိုင်ခင် ဆို့နင့်လာသည်။ “အဲ့တာ အနှစ်​ ၃၀၀၀ ​နောက်​ပိုင်း ကမ္ဘာကြီးပဲ။”

Long Feiye မှာ သူမအား စကားတစ်ခွန်းမှ မပြောပဲ ညင်သာစွာ ကြည့်နေသော်လည်း သူမ၏ လက်ချောင်းများပေါ် ဆုပ်ကိုင်ထားမှုမှာ တဖြည်းဖြည်း တင်းကျပ်လာသည်။ သူက ဖြူဖျော့ကာ သွေးများ ဖုံးနေသည်ကို မြင်လိုက်ရလျှင် Han  Yunxi မှာ နာကျင်လွန်းစွာ ပါးပြင်ပေါ် မျက်ရည်များ စီးကျလာသည်။ သူမ စကားမပြောနိုင်ပဲ ပြန်၍ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။ ကံမကောင်းစွာ နှစ်ယောက်မှာ ဧရာမသစ်ပင်ကြီးကို လှုပ်ခါရန် ကြိုးစားနေသည့် ရေပုစဥ်းတစ်ကောင်ကဲ့သို့ သူမကို ဆွဲငင်နေသည် နက်နဲသည့် ရေကန်ကို အကောင်းဆုံး မစွမ်းဆောင်နိုင်ပေ။ Han Yunxi မှာ ရေဆီသို့ တရွေ့ရွေ့ ဆွဲချခံနေရသည် ။ သူမ ခြေဖနောင့်ကို ထောက်ကာ အထပ်ထပ် ခုခံနေသည်။ သို့သော် အချိန်တိုင်းတွင် ထူးဆန်းသော်လည်း ရင်းနှီးသည့် ခေါင်းမူးခြင်းကို ခံစားနေရသည်။ သူမ၏ အဆိပ်သိုလှောင်မှုနေရာလွတ်ရှိ ရေခဲသလင်းအပိုင်းအစများမှာ သူမ မထိန်းချုပ်နိုင်သော နှုန်းဖြင့် ပျံ့နှံ့နေသည်။ သူမ၏ မူးဝေမှု အားကောင်းလာကာ Long Feiye ကို ဆုပ်ကိုင်နိုင်ခြင်း မရှိတော့ပဲ ခွန်အားများ ဆုံးရှုံးလာတော့သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now