အခန်း(၁၂၂၀)

167 28 8
                                    

အခန်း(၁၂၂၀)

မတော်ဆတ တွေ့ဆုံမှု။






မန်နေဂျာဝူ၏ လုပ်ရပ်မှာ သူတို့ကို ထွက်သွားရန် မေးမြန်းနေခြင်း ထင်ရှားလှသည်။ Tang Li မှာ သူ၏ အမူအရာကိုကြည့်ပြီး ဒေါသများ တောက်လောင်လာတော့သည်။ သူ၏ ဇနီးနှင့်သမီးအတွက် များစွာ စဥ်းစားပြီး နှစ်သစ်ကူးကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ရန်အတွက် အေးချမ်းသာယာသော နေရာတစ်ခုပေးရန် ခရီးကို အလျင်စလို လာခဲ့သည်။ အပြင်တွင် နှင်းမုန်တိုင်းက ပိုကြီးလာသော်လည်း အခြားရွာများ သို့မဟုတ် တည်းခိုခန်းများ မမြင်ရသော နေရာ အလယ်တွင် ရှိနေသည်။ သူတို့ ဘယ်ကို သွားသင့်သည်လဲ။ နှစ်သစ်ကူးအတွက် သူတို့၏မြင်းလှည်းပေါ်တွင် နေရမည်လား။

ထန်ထန်လေးမှာ သူမဖခင်၏ဒေါသကို ခံစားသိရှိနိုင်ပြီး ခေါင်းထုတ်ကာ မန်နေဂျာဝူအား တောက်ပသော မျက်လုံးကြီးများဖြင့် စူးစမ်းကြည့်နေသည်။ အလွန် ချစ်စရာကောင်းလှသည်။ 

"အဆင်မပြေဘူးလို့ပြောရင်.." Tang Li မှာ အေးစက်စွာမေးလိုက်သည်။

Tang Li မှာ မပျော်မရွှင်ဖြစ်နေကြောင်း မန်နေဂျာဝူမှာ ရှင်းရှင်းလင်းလင်း ပြောနိုင်နေသော်လည်း ယဥ်ကျေးစွာ တုံ့ပြန်လာသည်။ “လူကြီးမင်းထန်၊ ကျွန်တော်က တကယ်ကို စိတ်မကောင်းပါဘူး။လျော်ကြေးဘယ်လောက်လိုလဲ ပြောပြပေးပါ။ အားလုံးကို လျော်ကြေးပေးပါ့မယ်။"

Tang Li မှာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်စဥ် Ning Jing မှာ နှုတ်ဆိတ်နေကာ ထန်ထန်လေးကို သူ၏ရင်ခွင်တွင်းမှလိုက်ရင်း ခေါ်လိုက်သည်။ သူမက ထွက်သွားရန် ရည်ရွယ်ချက် မရှိပဲ တစ်ဖက်တွင် ထိုင်ကာ စောင့်ဆိုင်းနေရန် သွားလိုက်သည်။ ၎င်းကိုမြင်လျှင် မန်နေဂျာဝူမှာ ခက်ခဲသော နေရာသို့ ရောက်သွားတော့သည်။ “လူကြီးမင်းနဲ့ မဒမ်၊ ကျွန်တော်က ပိုင်ရှင်လည်း မဟုတ်ဘူး၊ ဒါကြောင့် မဆုံးဖြတ်နိုင်ဘူး။တကယ်လို့ နှစ်ယောက် ထွက်မသွားလို့ သူဌေးက အပြစ်တင်ရင် ကျွန်တော်ကလည်း နုတ်ထွက်ရလိမ့်မယ်။ ကျေးဇူးပြုပြီး ဒါကို ကျွန်တော်က တောင်းပန်နေတယ်လို့ ယူဆပေးပါ။"

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now