အခန်း(၁၃၅၄)

85 17 0
                                    

အခန်း(၁၃၅၄)

တစ်ပြိုင်နက်တည်း။






Han  Chen မှာ စကားနှစ်ခွန်းကို အမူအရာကင်းမဲ့နေသည့် လေသံဖြင့် တည်ငြိမ်စွာပြောလိုက်သည်။ သို့ရာတွင် အခြားသူများအတွက်တော့ ၎င်းမှာ ကောင်းကင်နှင့် ငရဲကြား ကွာခြားချက်ပင်။ နောက်ဆုံး ကောက်ချက်ချနိုင်ခြင်း မရှိသော်လည်း၊ ဤရလဒ်ကို မျှော်လင့်ချက်နှင့် ကုသခြင်းအဖြစ် မှတ်ယူနိုင်သည်။ Qin Min  မှာ တစ်ကိုယ်လုံး တုန်ရင်နေသည်။ နောက်ဆုံးတော့ သူမ ခေါင်းညိတ်ပြီး  “ ကျွန်မ…  ကျွန်မဝင်လို့ရမလား။” ဟု မေးလိုက်ချိန်တွင်ပင် သူမ၏ သွားများ တဆတ်ဆတ် တုန်နေခဲ့သည်။

Han  Chen  မှာ စကားများစွာ မပြောပဲ ခေါင်းညိတ်လိုက်သည်။

Qin  Min မှာ အိမ်ထဲသို့ ချက်ချင်း ပြေးဝင်သွားခဲ့စဥ် အခြားလူများနောက်မှ လိုက်လာသည်။ သူတို့အားလုံးမှာ Gu Beiyue အပေါ်မှာ အာရုံစိုက်ရောက်နေကြသဖြင့် Han Chen ၏ ကြောက်စရာကောင်းအောင် အသားအရောင်ဖြင့် မျက်နှာကို မည်သူမှ သတိမထားမိခဲ့ကြပေ။ Gu Beiyue ကို ကယ်တင်ရန်အတွက် Han Chen မှာ  စစ်မှန်ချီ များစွာကို အသုံးပြုခဲ့သည်။ အခန်းတွင်း၌ Long Feiye မှာလည်း အလားတူပင်။ နှစ်ဦးစလုံးမှာ တူညီစွာ ပြင်းထန်သော ဒဏ်ရာများ ခံစားခဲ့ရပြီး အလုံးစုံ ပြန်လည်ကောင်းမွန်ရန် တစ်နှစ် သို့မဟုတ် နှစ်နှစ် လိုအပ်လိမ့်မည်။ ကံကောင်းထောက်မစွာပင် သူတို့က Han Yunxi ကို ပါဝင်စေခြင်း မပြုခဲ့ပေ။ မဟုတ်လျှင် သူမက ဆယ်နှစ် သဘောတူညီချက်ကို သေချာပေါက် ရှုံးနိမ့်ရလိမ့်မည်။

အခန်းများအတွင်းတွင်၊ Gu Beiyue မှာ ကုတင်ပေါ်တွင် သတိလစ်နေကာ Long Feiye မှာ ဘေးတွင်ထိုင်ရင်း မျက်လုံးမှိတ်ထားကာ ဖျော့တော့နေသည်ကို လူတိုင်းမှ တွေ့လိုက်ရသည်။ Qin Min  မှာ Gu Beiyue ကို တွေ့ရန်  အလျင်အမြန် သွားလိုက်စဥ် Han  Yunxi မှာ Long Feiye ကို စစ်ဆေးလိုက်သည်။ သူမ သူ၏လက်ကိုကိုင်ကာ ပူပန်စွာ မေးလိုက်လေသည်။ "ဖေးယဲ့.. ရှင်ဘာလို့ဒီလိုဖြစ်နေတာလဲ။"

Long Feiye က မျက်လုံးဖွင့်လာကာ ပြောလိုက်လေသည်။ "ကိုယ် အဆင်ပြေပါတယ်။"

"အရှင်မင်းမြတ်၊ သူ ဘယ်အချိန်မှာ နိုးလာနိုင်မလဲ။" Qin Min  မှာ စိုးရိမ်ပူပန်နေခဲ့သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now