အခန်း(၁၃၂၁)

119 18 0
                                    

အခန်း(၁၃၂၁)

နားမလည်နိုင်ဘူး။






တစ်ဖန် Gu Beiyue မှာ အရိပ်လေးကို “အင်း" ဟုရေရွတ်လိုက်ပြန်သည်။

စူးစမ်းချင်စိတ်ဖြင့် အရိပ်မှာ မိဘများကြားတွင် စိတ်ရှုပ်ပွကာ စိတ်မသက်မသာဖြစ်မလာမီ မိဘများကြား တစ်လှည့်စီ ကြည့်လိုက်သည်။ သူက မိခင်နှင့်အတူ နင်ကျိုးတွင် နေထိုင်နေစဥ် လွန်ခဲ့သည့် သုံးနှစ်တွင် အဖေမှာ တစ်ကြိမ်မှ အလည်အပတ် မလာခဲ့သည်ကို သူက နားမလည်နိုင်ပေ။ နှစ်သစ်တွင်တောင် အဖေမှာ ပြန်လာခဲ့ခြင်း မရှိပေ။ နှင်းထဲတွင် မီးရှူးမီးပန်း ပစ်ရန် အမေမှသာ သူ့ကို အဖော်ပြုပေးခဲ့သည်။ အဖေမှာ အလွန်အရေးကြီးသည့် ကိစ္စများဖြင့် အလုပ်ရှုပ်နေကြောင်း အမေမှ ပြောခဲ့သည်။ သူက ပြီးသွားသည့်အခါ ပြန်လာလိမ့်မည်။ သို့တိုင်အောင် အရိပ်မှာ နားမလည်သေးပေ။ ဧကရာဇ်မှာ အဖေထက် များစွာ အလုပ်များသော်လည်း  လေးစားရတဲ့ ဧကရီ၊ အိမ်ရှေ့စံနှင့် မင်းသမီးငယ်တို့ကို ဆောင်းရာသီ ဖြတ်သန်းရန် တောင်ဘက် မက်မန်းပွင့်ပင်လယ်သို့  ခေါ်ဆောင်သွားဆဲဖြစ်ကြောင်း ဒေါ်လေး Shaoyao မှ ပြောသည်ကို ကြားခဲ့ရသည်။

သူ၏ အဖေနှင့် အမေမှာ အရင်တုန်းက စကားများခဲ့ဖူးလားဟုပင် သူက သံသယရှိမိသည်။ ယခု သူတို့ကို ကြည့်လိုက်လျှင် သူက ပို၍ပင် ယုံကြည်သွားတော့သည်။ အရိပ်မှာ ၎င်းကို စဥ်းစားပြီးနောက် အဖေဖြစ်သူ၏ နားတွင် အလျင်အမြန် ကိုင်းညွှတ်လိုက်ပြန်သည်။

"အဖေ။" သူက စိတ်ထက်သန်စွာပြောလိုက်လေသည်။ "အမေ နဲ့ ရန်ဖြစ်နေတာ ရပ်လိုက်ပါတော့။ အမေက မိန်းကလေးပဲ၊ သူမကို အလျော့ပေးသင့်တယ်။"

Gu Beiyue မှာ သူနှင့် Qin Min အကြားရှိ ကိစ္စများမှ မူမမှန်သည်ကို အရိပ်မှ သတိပြုမိနေကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။ သူက လျင်မြန်စွာ ပြောလိုက်လေသည်။ “ဇနီး၊ ကျွန်တော် မင်းနဲ့ ခွဲနေခဲ့တာ သုံးနှစ်ရှိပြီ။ မင်းနဲ့ ကလေး ဒုက္ခများ စေမိပြီ။"

Qin  Minမှာ လျင်မြန်စွာ သတိဝင်လာကာ ပြောလိုက်လေသည်။ " ခင်ပွန်းသည်က နိုင်ငံတော်အတွက် အလုပ်ကြိုးစားနေတဲ့အချိန်မှာ ဒီဇနီးက မကူညီနိုင်ဘူး။ ဝန်ထုပ်ဝန်ပိုးကို ကူမထမ်းပေးနိုင်တဲ့အတွက် ခင်ပွန်းကို ဘယ်လို အပြစ်တင်ရမှာလဲ။"

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now