အခန်း(၁၃၆၈)

138 17 0
                                    

အခန်း(၁၃၆၈)

ပထမဆုံးသော အဆုံးသတ်။







ဤအပြောင်းအလဲများအတွင်း Gu Beiyue မှာ Long Feiye နှင့် Han Yunxi တို့မှ တောင်တန်းများနှင့်မြစ်များတစ်လျှောက် ခရီးသွားလာနေကြောင်း ကောလာဟလများဖြန့်ရန် လူများကို လျှို့ဝှက်စေလွှတ်ခဲ့သည်။ ဥပမာအားဖြင့်၊ ဤနေရာတွင် လူများမှာ စုံတွဲတစ်တွဲ ဖြင့် တိုးမိခဲ့သည်၊ Han  Yunxi မှ အဆိပ် သို့မဟုတ် ဖျားနာမှုများအတွက် ကုသပေးခဲ့သော လူနာများ ရှိခဲ့သည် စသဖြင့်ပင်။ ကောလဟာလများမှာ ကြောက်စရာကောင်းသော အရာဖြစ်လေသည်။ ၎င်းတို့သည် အမှားအမှန်ကို ပြောင်းပြန်လှန်နိုင်ခြင်းကြောင့်သာမက ပျံ့နှံ့သွားကြသည်နှင့် အမှန်တရားကို အသွင်ပြောင်းကာ လွဲမှားစေနိုင်သည်။ Gu Beiyue ၏ ကောလာဟာလများမှာ မကြာမီတွင် Long Feiye နှင့် Han Yunxi ၏ ခရီးများကြားတွင် အမျိုးမျိုးသောပုံစံများ ဖြစ်ပေါ်လာခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ၊ Long Feiye နှင့် Han Yunxi တို့မှာ မဟာချင် ၏တစ်နေရာတွင် နေထိုင်ကြသည်ကို လူဦးရေအများစုက အမှန်တကယ်ယုံကြည်လာကြတော့သည်။

အဆိုပါ ကောလာဟာလများမှာ တရားရုံးတွင် မငြိမ်မသက်ဖြစ်နေသူများအတွက် ဖိအားတစ်မျိုးဟု ဆိုရမည်။ အကယ်၍ Long Feiye နှင့် Han Yunxi တို့သာ အနားတွင် ရှိနေခဲ့လျှင် သူတို့က ပေါ့ပေါ့ဆဆ ပြုမူမည့်အစား ကိုယ်ကျင့်တရားကို ထိန်းထားနိုင်ခြေ ပိုများလေသည်။

တစ်နှစ်ခွဲကျော်အတွင်း၊ Gu Qishao နှင့် အရိပ်လေးမှာ နက်နဲကုန်းမြေကြီးနှင့် တိမ်တိုက်ကုန်းမြေကြီးကြားတွင် အကြိမ်ပေါင်းများစွာ ခရီးထွက်ခဲ့ကြသော်လည်း Yan'er ၏သတင်းကို မည်သည့်အချိန်ကမှ ပြန်မယူလာနိုင်ကြချေ။ သို့သော်လည်း Gu Qishao မှာ Ning Cheng နှင့် ဆက်သွယ်ပြီး အရာအားလုံးကို ပြောပြခဲ့သည်။ သူက လေ့ကျင့်ရေးအလယ်မှ Yu'er လေးကိုလည်း ရှာတွေ့ပြီး ဝံပုလွေဂိုဏ်းသို့ ချက်ချင်းပြန်ပြေးကာ Han Xiang ၏ ကွပ်ကဲမှုအောက်တွင်ရှိသည့် စစ်သူကြီးအများအပြားကို စီးချင်းတွင် သတ်ဖြတ်၍ Han Chen အမိန့်ပြားကို ထုတ်ယူကာ ဆရာဖြစ်သူ၏ နေရာတွင် ဂိုဏ်းခေါင်းဆောင်ရာထူး ယာယီသိမ်းယူကြောင်းကြေငြာစေခဲ့သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now