အခန်း(၁၂၃၂)

160 23 0
                                    

အခန်း(၁၂၃၂)

တွန့်ဆုတ်နေခြင်း။








Gu Beiyue မှာ Qin Min ကို တောင်ဘက်ရှိ နာမည်ကြီး နင်ကျိုးသို့ ခေါ်ဆောင်သွားပြီး သူတို့အတွက် အခြေချနေထိုင်ရန် မြေကွက်ငယ်တစ်ခုကို ဝယ်ယူခဲ့သည်။ အနီးကပ် အစေခံအချို့မှတပါး အခြားအကူအညီကို ငှားရမ်းခြင်း မပြုခဲ့ကြပေ။ အိမ်တွင်း၌၊ ချင်မင်းမှာ ယွင်နင်း မှာကဲ့သို့ပင် ကိုယ်ဝန်အတုလုပ်ရန်အတွက် သူမ၏ ဝတ်ရုံအောက်တွင် အဝတ်အစားများ ထည့်ထားခြင်းကို ရပ်လိုက်သည်။ ပင်ပန်းနွမ်းနယ်နေဟန်ဖြင့် ဘီးတပ်ကုလားထိုင်ပေါ်တွင် တစ်နေကုန်ထိုင်ရန်လည်း မလိုတော့ပေ။ ကိစ္စအားလုံးက များစွာ ပိုလွယ်ခဲ့သည်။ သူမ၏ ဘေးမှ တစ်ဦးတည်းသော အစေခံမိန်းကလေးအပြင် သူမ၏ ခြေထောက်များကို ပြန်အသုံးပြုနိုင်ပြီး နောက်တစ်ကြိမ် လမ်းလျှောက်နိုင်စွမ်းရှိလာမှန်း ဘယ်သူမှ မသိကြသေးပေ။

ယွင်နင်းတွင် မရေမတွက်နိုင်သော ဂရုစိုက်စရာများစွာရှိနေပြီး Gu Beiyue ၏ ရှေးရိုးဆန်သော ကိုယ်ရည်ကိုယ်သွေးဖြင့် သူမ ပြုမူရန် သတ္တိမရှိခဲ့ပေ။ သူမ လုပ်နိုင်သမျှ သည်းခံရုံပင်။ ပထမနေရာမှာ ဘယ်သူက အဆိပ်ခတ်ခဲ့တယ်ဆိုကြောင်း စုံစမ်းချင်ခဲ့သဖြင့် သူမ ပြန်လမ်းလျှောက်နိုင်လာသည့် အချက်ကို ဖုံးကွယ်ထားရန်မှာ နှစ်ယောက်စလုံး၏ စိတ်ကူးပင်။ ထို့အပြင်၊ Gu Beiyue မှာ ချင်မျိုးနွယ်အတွင်းရှိ သစ္စာဖောက်ကို ဖော်ထုတ်ပြီး ဆေးမြို့တော်ရှိ အခြားသော အဓိက မိသားစုများ၏ ယုတ်မာသော သဘောထားများကို ပြောင်းလဲရန် အခွင့်အရေးကို ရယူလိုခဲ့သည်။ 

Gu Beiyue မှာ ဆေးပညာသင်တန်းကျောင်း၏ အကြီးအကဲ ဖြစ်သော်လည်း၊ သင်တန်းကျောင်းအား  ရုံးတော်၏ တရားစီရင်ပိုင်ခွင့်အောက်မှ တစ်စုံတစ်ရာအဖြစ်သို့ ပြောင်းလဲရန် အလုပ်များစွာ ရှိနေဦးမည်ဖြစ်သည်။ သူက အခွင့်အရေးတစ်ခုအပြင် ဆေးမြို့တော်မှ မျိုးနွယ်ကြီးများ၏ ပံ့ပိုးကူညီမှုလည်း လိုအပ်သည်။ ဤပံ့ပိုးကူညီမှုမှာ ဆန္ဒရှိစွာ သို့မဟုတ် ဖိအားပေးကာ လာနိုင်သည်။ ယွင်နင်းရှိ ကုအိမ်တော် တွင် သူမက Gu Beiyue နှင့် အပြန်အလှန်ဆက်ဆံရန် အခွင့်အရေးများ ပိုမိုရရှိခဲ့သည်။ နင်ကျိုး ဤနေရာ၌ သူတို့တစ်ဦးစီမှာ မိမိတို့၏လမ်းစဉ်အတိုင်း သွားနိုင်သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now