အခန်း(၁၃၆၂)

116 20 4
                                    

အခန်း(၁၃၆၂)

ငှက်အပေါင်းမှ ဇာမဏီကို အရိုအသေပေးခြင်း။








Han Yunxi ၏ အဆိပ်အပ်များမှာ Han Xiang ၏ နောက်ကျောဆီသို့ ပျံသန်းသွားသည်။ သူမ ၎င်းတို့ကို သတိထားမိလိုက်သော်လည်း အချိန်မီ မရှောင်နိုင်တိမ်းတော့သကဲ့သို့ ၎င်းတို့ကို တန်ပြန်ရန် ပို၍ မဖြစ်နိုင်တော့ပေ။ Han  Yunxi ၏ အဆိပ်အပ်များမှာ မျိုးနွယ်ခေါင်းဆောင်များနှင့် ရင်ဆိုင်ရန်မှာ မည်သို့မှ မဖြစ်နိုင်သော်လည်း ၎င်းတို့သည် Han Xiang အတွက် အသုံးဝင်နေဆဲဖြစ်သည်။ သူမ Han Xiang ကို စစ်မှန်ချီ ဖြင့် သတ်နိုင်သော်လည်း  အဆိပ်ပညာမှာ ပို၍မြန်လျင်ပြီး ရက်စက်လေသည်။

Han Xiang မှာ ရပ်လိုက်ပြီး သူမ၏ ဓားကိုင်ထားသော လက်မှ ဖြည်းညင်းစွာ ရှုံ့တွလာသည်ကို မြင်လိုက်ရသည်။ ကြောက်ရွံ့ထိတ်လန့်စွာဖြင့်ဓားရှည်ကို ပစ်ချလိုက်ပြီး သူမ၏လက်များ၊ လက်မောင်းများနှင့် မျက်နှာပေါ်ရှိ အရေပြားများ တွန့်လာသည်ကို တွေ့လိုက်ရသည်။ Han Yunxi မှာ ကလေးနှစ်ယောက်၏နောက်သို့ ပြန်သွားရင်း ပွေ့ဖက်ထားကာ Rui'er ၏ မျက်လုံးများကို ဖုံးအုပ်လိုက်သည်။ ခဏအကြာတွင်၊ Han Xiang ၏ခြေထောက်များမှာ ဖယောင်းတိုင်ကဲ့သို့ တဖြည်းဖြည်း အရည်ပျော်လာလေသည်။

"အား…" Han Xiang မှာ သူမ၏ ခြေထောက်များကို ကြည့်ရင်း အော်ဟစ်လိုက်လေသည်။ ယခုအချိန်၌ ၎င်းတို့မှာ အသားနှင့် အသွေး ပျော့ဖတ်များအဖြစ်သို့ ပျော်ဝင်သွားကြသည်။ ၎င်းကိုမြင်လိုက်ရလျှင် သူမ၏ အော်သံမှာ ပို၍ ကျယ်လောင်လာတော့သည်။

"အား.....အား….....အား….!"

Han Yunxi မှာ သူမကို လျစ်လျူရှုပြီး ဆက်လက်ထွက်ပြေးရန် Rui'er ကို ဆွဲခေါ်ရင်း Yan'er ကို ချီလိုက်သည်။ သူတို့နောက်ကွယ်မှ တိုက်ပွဲသံများမှာ ရက်စက်လှသည်။ သူမ စစ်မှန်ချီနှင့် ကိုယ်ခံပညာဆိုင်ရာ စွမ်းအင်များ အချင်းချင်း တိုက်မိနေသည့်အပြင် ပြင်းထန်သော သွေးရနံ့ကို ခံစားရနိုင်သည်။ နောက်ပြန်မလှည့်တော့ပဲ ရှေ့ကို ကိုယ့်ကိုကိုယ် တွန်းအားပေးရင်း ရှိုက်သံများ ထွက်လာသည်။ သူမ လှည့်လိုက်နေသရွေ့ နှလုံးသားကို တင်းမာပြီး ကလေးနှစ်ယောက်ကို ကာကွယ်ရန် မဖြစ်နိုင်တော့မှန်း သူမ ရှင်းလင်းနေသည်။ ပေါ့ပါးသော နည်းစနစ်များကို အသုံးပြုကာ သူမ ရှေ့သို့သာ ဆက်လက် ပြေးသွားလိုက်သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now