အခန်း(၁၂၇၃)

116 19 0
                                    

အခန်း(၁၂၇၃)

စိတ်ဆိုးခြင်း။



Qin Min  မှာ ပရောပရည်လုပ်နေသော ထိုသူကို ကြည့်ပြီး သူမ၏ကမ္ဘာမှာ မည်းမှောင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ပါးပြင်များ ဖောင်းသွားကာ ထိုသူကို ဒေါသတကြီး လျစ်လျူရှုရင်း သူမ၏ အမူအရာမှာ တင်းမာလာသည်။ သို့သော် ပိုးထည်ဘောင်းဘီမှာ အလွန်စိတ်ရှည်ပြီး မျက်လုံးများကို ဖြောင့်တန်းလာသည်အထိ ပြုံးနေလေသည်။

"မိန်းကလေး၊ မင်းနာမည်ဘယ်လိုခေါ်လဲ။"

နောက်ဆုံးတော့ Qin Min  မှာ လုံလောက်သွားတော့သည်။ "နာမည်… ရှင့်အမေ။" အသံတိုးတိုးဖြင့် ဒေါသတကြီး ကျိန်ဆဲလိုက်တော့သည်။ ၎င်းမှာ သူမ၏ ပန်းပွင့်ကဲ့သို့ မျက်နှာနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်ပြီး ပိုးထည်ဘောင်းဘီမှာ မှင်သက်သွားတော့သည်။ ဤမျှ နူးညံ့သိမ်မွေ့ကာ ရုပ်ရည်ချောမောသော မိန်းမပျိုလေးသည် ဤမျှ နှုတ်ကြမ်းလိမ့်မည်ဟု သူက ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။ သို့သော် ဒေါသကြီးသော အလှလေးမှာ ဆွဲဆောင်မှုရှိသော အောင်ပွဲတစ်ခုပင်။ ထိုလူမှာ သူမ၏ ဘေးနားသို့ ရွှေ့ကာ  ထိုင်လိုက်ရင်း သူမကို ရည်ရွယ်ချက်ရှိရှိ ထိလိုက်သည်။ ရွံရှာစွာ၊ Qin Min မှာ အလျင်အမြန် ရှောင်ထွက်လိုက်ပြီး သူမတစ်ကိုယ်လုံး ယားယံသွားသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် ထိုလူမှာ နီးကပ်လာပြီး သူမကို ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်လိုက်လေသည်။

Shaoyao မှာ ထိုလူမှ ရှေ့တိုးလာရန် ထပ်မံကြိုးစားသည်ကို မြင်လျှင်  တားဆီးရန် ခြေလှမ်းပြင်လိုက်သည်။ သူမ၏ သခင်မလေးကို ဘယ်လိုအနိုင်ကျင့် ခွင့်ပြုနိုင်မည်လဲ။ တတ်နိုင်လျှင် သူမ၏ သခင်ကို လှမ်းခေါ်ချင်သော်လည်း ယခုတွင်တော့ မဝံ့ရဲတော့ပေ။ သူက ကျန်သူများနှင့် စကားစမြည်ပြောနေသေးကာ ဤနေရာမှ ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကို မကြားသေးပေ။ သူမ၏ နှလုံးသားကို တင်းမာရင်း Shaoyao မှာ စိတ်ကူးတစ်ခု ပေါ်လာသည်။

"သခင်မလေး၊ ထွက်လမ်းမရှိမှတော့ အောက်ထပ်ကိုဆင်းဖို့ ဒီအခွင့်အရေးကို ဘာလို့ မယူရမှာလဲ။ ဒီအစေခံက သခင်မလေးအတွက် အကာအကွယ်ပေးထားမယ်။"

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now