အခန်း(၁၃၅၅)

102 18 2
                                    

အခန်း(၁၃၅၅)

ရေခဲပင်လယ်၏ ကမ်းခြေများ။






Gu Beiyue မှာ သစ်သားစည်၏အစွန်းကို လက်ဖြင့် အလွန်အမင်း တင်းကျပ်စွာ ဆုပ်ကိုင်ထားစဉ်  လဲနေခဲ့သည်။ သူက ကမောက်ကမ ဖြစ်နေသည့် စစ်မှန်ချီကို တောင့်ခံရန် ကိုယ့်ကိုကိုယ် တွန်းအားပေးခဲ့သည်။

လွန်ခဲ့သည့်ခြောက်လအတွင်း သူ၏ ခန္ဓာကိုယ်အတွင်း၌ ကြမ်းတမ်းစွာ ပြေးလွှားနေသော စစ်မှန်ချီကို နေ့တိုင်း ခံစားနေခဲ့ရသည်။ သူက  ၎င်း၏တိုက်ခိုက်မှုကို လုံးလုံးလျားလျား ခံစားနေရသည်ဟု မည်သူမျှ မပြောနိုင်သော အခြေအနေသို့ ရောက်သည်အထိ အရှုံးမပေးပဲ အချိန်တိုင်း တောင့်ခံထားခဲ့သည်။

သို့တိုင် ဤတစ်ကြိမ်မှာတော့ လုံးဝကို မတူညီပေ။ စစ်မှန်ချီမှာ  သူ့ကို အတွင်းမှ ဝါးမြိုလာနေသကဲ့သို့ ခံစားရပြီး ထိန်းချုပ်မှု လုံးဝ ဆုံးရှုံးသွားသည် ။ တစ်ချိန်တည်းမှာပင်၊ စိုက်အပ်များမှာ သူ၏နောက်ကျောနှင့် ခြေလက်လေးခုရှိ အဓိက အပ်စိုက်နေရာများကို ဖုံးလွှမ်းနေသည်။ Qin Min မှာ အမှားအယွင်းမရှိကြောင်း အတည်ပြုရန် ၎င်းတို့ကို အကြိမ်ကြိမ်စစ်ဆေးလိုက်လေသည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ။" သူမ ဘယ်လောက် ဖြူဖျော့နေသည်လဲ မသိနိုင်ပေ။ "Gu Beiyue ဘာလို့ဒီလိုဖြစ်နေတာလဲဆိုတာ ကျွန်မကို ပြောပါဦး။"

သူမ အကြောင်းအရင်း ရှာမတွေ့နိုင်ပေ။ သူက တိုက်ခိုက်ခံရတိုင်း၊ သူမ၏ စိုက်အပ်များကို လျင်မြန်စွာ အသုံးချကာ သူ့အား ငြိမ်သက်သွားစေခဲ့သည်။ သူ့တွင် ထူးခြားသော ချုပ်တည်းမှုရှိကြောင်း သူမ သိထားသည်။ သူက ထိန်းမနိုင်သိမ်းမရ ဖြစ်နေ၍ မဟုတ်လျှင် ဤရေစည်ကို ဆုပ်ကိုင်ထားမည် မဟုတ်ပေ။ သူက ခံစားနေရသည်ကိုမြင်လျှင်တော့ သူမ ဆက်ပြီး စောင့်ကြည့်နေသင့်သလား သို့မဟုတ် ရဲတင်းစွာ အပ်စိုက်ကုသနည်းအသစ်ကို ကြိုးစားနေသင့်လား မသိတော့ပေ။ ပြီးခဲ့သောနှစ်ဝက်တွင်၊ သူမ ဆေးပညာစာအုပ်မှ ဤအပ်စိုက်ကုထုံးနည်းပညာများကို ပိုမိုကောင်းမွန်အောင် လေ့ကျင့်နေခဲ့ရုံအပြင် မည်သည့်အရာမှ မလုပ်ခဲ့ပေ။ သူမ Shaoyao အား ကိုယ်ခံပညာရှင်အချို့ကို စမ်းသပ်ခံအဖြစ် ရှာစေခဲ့ပြီး သူမ၏ ပြုပြင်မွမ်းမံမှုများမှာ အတွင်းအားများအတွက် မူလထက် ပိုမိုကောင်းမွန်သောအကျိုးသက်ရောက်မှုများရှိလာကြောင်း အခြေခံအားဖြင့် အတည်ပြုခဲ့သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now