အခန်း(၁၃၅၆)

115 20 4
                                    

အခန်း(၁၃၅၆)

စီးချင်း။






Han Xiang မှာ စကားကို ဖြတ်လိုက်သော်လည်း Han Chen မှာ မကန့်ကွက်ပေ။ သူက Han Xiang ကို ဘက်လိုက်သည်မဟုတ်သော်လည်း ရိုးရိုးရှင်းရှင်းပင် ထိုကဲ့သို့ စရိုက်မျိုးရှိခြင်း ဖြစ်သည်။ သူက စိတ်ခံစားမှုမရှိသည့်အထိ အေးစက်နေဟန်တူသည်။ သူက စကားလုံး ရှစ်လုံးသာ ပြောခဲ့သည်။ "ကိုယ်ခံပညာ တစ်ခုတည်းဘဲ။ ဒဏ်ရာ လက္ခဏာရှိလာတာနဲ့ ရပ်လိုက်ရမယ်။"

မည်သို့ပင်ဖြစ်စေ Han Yunxi မှာ အဆိပ်ပညာကို အသုံးပြုရန် စိတ်ကူးမရှိခဲ့ပေ။ သူမ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ကောင်းပါပြီ။"

တစ်ချိန်တွင် သူမ Han Chen အား "စီနီယာ" အဖြစ် ရည်ညွှန်းခြင်းကို ရပ်တန့်ခဲ့သော်လည်း  "အဖေ" ဟု တရားဝင်မခေါ်ခဲ့ပေ။ ယခုတော့ သူမ လုံးလုံးလျားလျားပင် သူ့ကို ထိုသို့ ရည်ညွှန်းခြင်း မပြုတော့ပေ။

"ဟုတ်ကဲ့ အဖေ။" Han Xiang  မှာ မျိုးနွယ်သို့ ပြန်ဝင်မရောက်လာသေးသော Han Yunxi နှင့် ခွဲခြားနိုင်စေရန် လုံလောက်စွာပင် "အဖေ" ဟူသော စကားလုံးကို တမင်တကာ အလေးပေးနေသည်။ သို့ရာတွင် အမျိုးသမီးများမှာ သူတို့ အလိုအပ်ဆုံးအရာများကို အမြဲတစေ ချီးမွမ်းလေ့ရှိသည်။ အကယ်၍ အဆိပ်ဂိုဏ်း၏ တားမြစ်မြေပြင်တွင် Han Yunxi မှာ Han  Chen နှင့် ဝံပုလွေဂိုဏ်းကို ငြင်းပယ်ခဲ့ကြောင်း သိခဲ့လျှင် Han Xiang မှာ မည်သို့ခံစားသွားရမည်လဲ။

လွန်ခဲ့သည့်နှစ်အနည်းငယ်တွင် Han  Yunxi မှာ Han  Xiang ကဲ့သို့ လူများစွာနှင့် တွေ့ဆုံခဲ့ပြီး အချိန်ဖြုန်းသည့် နှုတ်အပြောအဆိုများဖြင့် စိတ်ရှုပ်မခံတော့ပေ။ သူမ ရှေ့သို့ ခြေလှမ်းကျယ်ကျယ် လှမ်းကာ တိုက်ပွဲဝင်ရန် အသင့်ပြင်လိုက်သည်။ ၎င်းကိုမြင်လျှင် Han Xiang မှာလည်း တစ်ဖက်သို့ လျှောက်သွားလိုက်သည်။ နှစ်ယောက်မှာ Han Chen ၏ ဘယ်နှင့်ညာ ၁၅ လှမ်းအကွာတွင် ရပ်နေကြသည်။ Han Yunxi မှာ Han Chen ၏ "ဒဏ်ရာလက္ခဏာရှိလာနဲ့ ရပ်ရမယ်" အပေါ်  စိတ်ရှုပ်ထွေးနေသည်။ ၎င်းမှာ သိမ်မွေ့သည့် စကားလုံးများပင်။ ကိုယ့်ကိုကိုယ် မထိခိုက်စေပဲ ပြိုင်ဘက်ကို ဒဏ်ရာရစေရမည်။ ၎င်းသည် ပုံမှန် "သေရေးရှင်ရေး" ပြိုင်ပွဲများဖြင့် ကွဲပြားပြီး "ထိတွေ့မှုအပေါ် အဆုံးသတ်" ထက် အနည်းငယ် ပိုခက်ခဲလေသည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now