အခန်း(၁၂၉၄)

104 14 2
                                    

အခန်း(၁၂၉၄)

စာရင်းရှင်းခြင်း။






Jin Zi မှ မျက်နှာကို အုပ်လိုက်သည်နှင့် တစ်ပြိုင်နက် Mu Linger မှာ ခေါင်းကို ငုံ့ကာ မကြည့်ဝံ့တော့ပေ။ ခဏတာတိတ်ဆိတ်သွားပြီးနောက် Jin Zi မှာ စိတ်ရှုပ်စွာ ပြောလိုက်သည်။ "မင်းမအိပ်နိုင်ရင် ငါ့မေးခွန်းကို ဘယ်လိုဖြေရမလဲဆိုတာ စဉ်းစားနေ…"

Mu Linger မှာ ရိုးရိုးရှင်းရှင်းပင် ပြန်လှည့်သွားကာ ကျား၏နွေးထွေးမှုအောက်တွင် သူမ၏ဦးခေါင်းကို မြုပ်ပစ်လိုက်သည်။ ထိုမှပင် Jin Zi မှာ သူမကိုကြည့်ရန် လက်ကို ဖယ်လိုက်ပြီး မျက်လုံးများတွင် အားကိုးရာမဲ့ မြတ်နိုးမှုများဖြင့် ပြည့်နှက်နေသည်။ အကြိမ်ပေါင်းများစွာ သူက ဒေါသထွက်ပြီး ပေါက်ကွဲချင်နေမှန်း သိသာလှသော်လည်း သူမကို ဘာမှမတတ်နိုင်ပေ။ တစ်လောကလုံး ငြိမ်သက်သွားသကဲ့သို့ နှစ်ယောက်မှာ စကားစမြည် ပြောနေခြင်း ရပ်သွားသည်။ မြောက်လေမှသာ အပြင်ဘက်တွင် အဆက်မပြတ် မြည်ဟီးနေသည်။ Mu Linger မှ အိပ်ပျော်သွားခြင်း ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသော်လည်း Jin Zi မှာ သတိလက်လွတ် ဖြစ်လာသည်အထိ သူမကို စိုက်ကြည့်နေခဲ့သည်။ မိုးများ နှင်းများ စိုစွတ်နေခဲ့သည့် နေ့များ အပြီး သူက အနားယူခဲ့ရသည့် ရက်များမှာ ကြာခဲ့ပြီပင်။ အမှန်တွင် သူက ပြင်းထန်သော အအေးဒဏ်ကို ခံစားနေရပြီးဖြစ်သော်လည်း ခေါင်းမာစွာ တောင့်ခံနေသည်။

နောက်တစ်နေ့တွင် Mu Linger မှ နိုးလာလျှင် Jin Zi  မှ မရှိတော့သည်ကို မြင်လိုက်ရသည်။ သူမ အိပ်ခန်းထဲသို့ အမြန်ပြေးသွားလိုက်လျှင် Jin Zi မှာ ကုတင်ဘေးတွင် ရပ်နေကာ ထိုအမျိုးသမီးကို  စိုက်ကြည့်သည်ကို မြင်လိုက်ရသည်။ သူမ အထဲသို့ ဝင်လာလျှင် သူက လှမ်းကြည့်သော်လည်း စကားမပြောပေ။ Mu Linger မှာ အမျိုးသမီး၏ သွေးခုန်နှုန်းကို စမ်းသပ်ရန် နီးကပ်သွားပြီးနောက် သူမ၏ ဒဏ်ရာများကို စစ်ဆေးလိုက်သည်။ "သူမ အသက်ဆုံးရှုံးမှာမဟုတ်ဘူး။" သူမ နိဂုံးချုပ်လိုက်သည်။ "ဒါက အတွင်းဒဏ်ရာတွေပဲမို့လို့ မကြာခင် နိုးလာသင့်တယ်။"

"ကျားဖြူတွေဆီ မင်းကို တောင်အောက် ခေါ်သွားခိုင်းလိုက်။ အတက်လမ်းကို ငါဖွင့်ထားတယ်၊ ဒါကြောင့် မနေ့ညက နှင်းတွေကျနေပေမယ့် အဲဒီမှာပဲ ရှိနေသင့်တယ်။ မင်းထွက်သွားသင့်ပြီ။" Jin Zi မှ ပြောလိုက်သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now