အခန်း(၁၂၄၂)

136 23 2
                                    

အခန်း(၁၂၄၂)

စားပွဲတင်ခွက်ယောက်များ။





နန်းတွင်းသူ တစ်တန်းပြီး တစ်တန်း တန်းစီလာကာ ဧည့်သည်တိုင်းအတွင် အစားအသောက်နှင့် ဝိုင်ကို တည်ခင်းလိုက်သည်။ သူတို့အားလုံးမှာ တူညီသော ပွဲလမ်းသဘင် အသွေးအရောင်များ ၀တ်ဆင်ထားပြီး လေ့ကျင့်မှု ခံယူထားသည်။  သူတို့၏ ခြေလှမ်းများမှာ ကခုန်ခြင်းနေသကဲ့သို့  စီတန်းလာသည်မှာ  တိတ်ဆိတ် သေသပ်နေသည်။ အဝင်အထွက်တိုင်းတွင် သူတို့၏ လှုပ်ရှားမှုများမှာ ပြေပြစ်ပြီး စည်းစနစ်ကျလှသည်။

ရိုးရှင်းပြီး အလှဆင်ထားခြင်း မရှိသော ခန်းမကြီးသည် သူတို့၏အသွင်အပြင်ဖြင့် ချက်ချင်းပင် လှုပ်ရှားသက်ဝင်ကာ ရွှင်မြူးလာသည်။ Long Feiye နှင့် Han Yunxi မှာ အမြင့်တွင် ထိုင်နေသည်။ သူ၏ အေးစက်သော မျက်နှာတွင် ပေါ့ပါးသော အပြုံးတစ်ခုဖြင့် လွှမ်းခြုံထားသည်။ ဆိုလိုသည်မှာ သူက အလွန်ကောင်းမွန်သော စိတ်အခြေအနေ ရှိနေလေသည်။ Han Yunxi မှာ ပြုံးနေရခြင်းကို နှစ်သက်သူတစ်ဦးမဟုတ်သော်လည်း ဧကရီဖြစ်လာပြီးနောက် လူရှေ့သူရှေ့ထွက်သည့်အခါ လုံးလုံးလျားလျား အပြစ်ကင်းစင်သော ပုံစံကို ၀တ်ဆင်လာမည်ဖြစ်သည်။ သူမ ငိုသည်ကို မြင်ချင်သူ အများအပြားရှိနေ၍ ဘာလို့ မပြုံးပဲနေရမည်လဲ ။

လက်ရှိတွင် ဝင်လိုက်ထွက်လိုက်ဖြင့် စားပွဲအလွတ်များတွင် ပန်းကန်များဖြင့် ဖြည့်နေသော နန်းတွင်းသူများကို ကြည့်ရှုနေရင်း Han Yunxi ၏ အပြုံးသည်ပင် တောက်ပနေသည်။ သူမ၏အမူအရာသည် အလွန်ကျေနပ်အားရနေဟန်တူသည်။ သူမက Gu Qishao ထံ လှည့်ကြည့်၍ ပြုံးကာမေးလိုက်သည်။ "မင်းသားယွီ၊ ဒီမြင်ကွင်းကို ရှင်ဘယ်လိုထင်လဲ။ အသေးစိတ်ပြင်ဆင်မှုတွေအတွက် ရက်တွေကြိုတင်ပြီး အများကြီး သုံးခဲ့ရတယ်…”

Han Yunxi မှာ ရပ်တန့်လိုက်လျှင် မှူးမတ်များ အားလုံးမှာ ကြည့်လိုက်ကြသည်။ လူများမှ သူမက ငွေအမြောက်အများသုံးခဲ့ကြောင်း ပြောရန် စောင့်နေကြသော်လည်း Han Yunxi မှာ ရိုးရိုးရှင်းရှင်းပင် ဆက်ပြောလိုက်သည်။ "... တော်တော်လေးလည်း စဥ်းစားခဲ့ရတယ်။"

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Όπου ζουν οι ιστορίες. Ανακάλυψε τώρα